34 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ ဒီကနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်း တေးဂီတ ဖျော်ဖြေပွဲတွေနဲ့ နှစ်သစ်ကူး ညကို ကျင်းပမယ်ဆိုပြီး ၊ စည်ကားမှု ပြသနိုင်ရေးအတွက် စက်မှုဇုန်တွေ၊ ဌာနဆိုင်ရာရုံးတွေ၊ ရပ်ကွက်တွေက ဝန်ထမ်းနဲ့ ပြည်သူတွေကို မဖြစ်မနေ ပွဲတက်ရမယ်ဆိုပြီး အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

– လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုခဲ့သူ၊ နွေဦးတော်လှန်ရေး ကို လှောင်ပြောခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ခလရ ၁ က ဗိုလ်ကြီးနေမျိုးသူ နဲ့ တပ်ကြပ်ကြီး ဌေးဝင်း ဆိုသူတို့ ၂ ဦးဟာ ကရင်နီ ပြည်နယ်မှာ ရေချိုးဖို့ သွားတဲ့အချိန် လက်နက်ကြီး တည့်တည့် ထိမှန်ပြီး သေသွားတယ်လို့ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ ဒေသသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

– စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ SNA နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ ကားကို PDF ပူးပေါင်း တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့က ပစ်ခတ် တိုက်ခိုက်ရာမှာ ကားပေါ်မှာ ပါလာတဲ့ စစ်ကောင်စီဘက်က ၇ ဦး သေသွားတဲ့အပြင် ၊ လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article