38 C
Yangon

ခင်ဦး၊ အလယ်လျှိုကျေးရွာသား ၁၇ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ် အလောင်း များကို မီးရှို့ဖျက်ဆီး၊ မတ္တရာ၊ ပို့ဝရွာသား ၂ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်

Must read

ခင်ဦး၊ အလယ်လျှိုကျေးရွာသား ၁၇ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ် အလောင်း များကို မီးရှို့ဖျက်ဆီး၊ မတ္တရာ၊ ပို့ဝရွာသား ၂ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာတွင် အကြမ်းဖက် စစ်တပ်က ၃ ရက်ကြာ တပ်စွဲပြီး ပြည်သူ ၁၇ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က အလယ် လျှိုရွာ တွင် တပ်စွဲထားပြီး ကျေးရွာပြည်သူများကို တော်လှန်ရေးတွင် အားပေး ပါဝင် သူများ ဟု စွပ်စွဲပြီး ပြည်သူ ၁၇ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊ ရုပ် အ လောင်း များကို မီးရှို့ ဖျောက်ဖျက်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ အလယ်လျှိုရွာ မှာတော့ ရွာသူ ရွာသား ၁၇ ဦး လောက်ကို စစ်တပ်က သတ်ထားပါတယ်။ ရွာစာသင်ကျောင်းအရှေ့ဘက်မှာ အလောင်း တွေကို ပစ်ထားပါတယ်။ ညကတော့တိုက်ပွဲတွေ ဖြစ်ပါတယ်။ ဘယ်လောက် ကျတယ်ဆိုတာ မသိရသေးဘူး။ ရွာလယ်ခေါင်မှာတော့ အမျိုးသမီး ၁ ဦးကို ပစ်သတ်သွားတယ်။ နာမည်က မချောပို ပါ။ အလောင်းမကောက်ရသေးဘူး။ စစ်တပ်က စစ်ကူခေါ်တယ်ကြားပါတယ်။ စာသင်ကျောင်းထဲမှာ အခုထိတပ်စွဲ ထားပါတယ်။ ရုပ်အလောင်းတွေကိုလည်း စုပြုံပြီး မီးရှို့ဖျောက်ဖျက်တာတွေ လုပ်ဆောင်နေတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် အလယ်လျှိုကျေးရွာမှ မောင်နှမ ၂ ဦးကို PDF အားပေး နေသူများဟု စွပ်စွဲပြောဆိုပြီး စစ်တပ်က ပစ်သတ် ခဲ့ကြောင်း၊ ကျေးရွာအတွင်း အကြမ်းဖက် စစ်တပ် တပ်စွဲခဲ့သည့် ၃ ရက်တာ အတွင်း ဒေသခံ ပြည်သူများကို တော်လှန်ရေးတွင် အားပေးပါဝင် သူများဟု စွပ်စွဲ ပြီး ပစ်သတ်ခဲ့သူ ၁၆ ဦး ရှိပြီဖြစ်ကြောင်း၊ ပစ်သတ်ထားသည့် ရုပ် အလောင်းများလည်း ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် စုပုံမီး ရှို့ကာ အလောင်း ဖျောက်ဖျက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ကျေးရွာအတွင်း တပ်စွဲထားသော စစ်သားများက ကျေးရွာတောင်ဘက်ပိုင်းရှိ စစ်ဘေးရှောင် ပြည်သူများ စုဝေးနေထိုင်နေသည့် တောကျောင်းကို ၆၀ မမ ဖြင့် ပစ်ခတ်မှု ကြောင့် ကိုရင်ကြီး ၁ ပါးနှင့် စစ်ရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့​ကြောင်းသိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာ အစပ်ရှိ တောတဲများတွင် တိမ်း ရှောင်နေသော ပြည်သူများကို ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် သတိပေး ခြိမ်းခြောက်လျက်ရှိကြောင်း၊ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက် ခြင်း မရှိသူများကို ပစ်သတ်မည်ဟု ခြိမ်ခြောက်ပြောဆိုနေကြောင်း၊ ပြည်သူများ အနေဖြင့် ကျေးရွာ အနီးအနားရှိ တောတဲများကို စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံ ပြည်သူများနှင့် နယ်​မြေခံများထံမှ သိရသည်။

စစ်ဘေးရှောင် ပြည်သူများသည် ပစ္စည်းလက်မဲ့ဖြင့် ထွက်ပြေးတိမ်း ရှောင်ခဲ့ရ သောကြောင့် အဝတ်အထည်၊ အသုံးအဆောင်နှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်းသိရသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပို့ဝမြောက်ရွာသား မောင်နိုင်ထက် ကျော် နှင့် မောင်ပြည့်ပြည့်ကျော်တို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့သတ်ဖြတ် ခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပို့ဝမြောက်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး စစ်ကြောင်း ရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားသည့် ပုံစံဖြင့် ကင်းပုန်းများချကာ ရွာအတွင်း ပြန်လည် ဝင်ရောက်လာသည့် ပြည်သူ ၂၀ ဦးခန့်ကို ဖမ်းဆီးခဲ့ကြောင်း၊ အသက် ၁၉ နှစ်အရွယ် မောင်နိုင်ထက် ကျော် နှင့် အသက် ၁၇ နှစ်အရွယ် မောင်ပြည့်ပြည့်ကျော်တို့ကို စစ်တပ်က မီးရှို့ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တပ်၏ ဖမ်းဆီးမှု ခံရသော မောင်နိုင်ထက်ကျော် နှင့် မောင်ပြည့်ပြည့်ကျော် တို့ကို PDFနှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲပြီး လူမဆန်စွာ ရိုက်နှက်ကာ မျက်နှာကိုအဝတ်ဖြင့် ချည်နှောင်ပြီး ရွာ မြောက်ဘက်ရှိ ပဲခင်းထဲသို့ ခေါ်ဆောင် သွားခဲ့ကြောင်း၊ ယင်းနောက် ဆိုင်ကယ် ၃ စီးနှင့်အတူ မီးရှို့ သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်တပ်က မီးရှို့သတ်ဖြတ်သွားသော မတ္တရာမြို့နယ်၊ ပို့၀ကျေးရွာသား ၂ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article