25 C
Yangon
- Advertisement -spot_img

ARCHIVE

Yearly Archives: 2022

ဆောနှင့်ကျောက်ထုတွင် မိုင်းအလုံး ၃၀၀ ကျော် တပ်ဆင်ထား၍ ပြည်သူများ ခရီး မသွားကြရန် သတိပေး၊ ဆွာချောင်းရေလှောင်တမံ လျှပ်စစ်ထရန်စဖော်မာကို ဖောက်ခွဲရှင်းလင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ မကွေးတိုင်း၊ ဆောနှင့်ကျောက်ထုတွင် မိုင်းအလုံး ၃၀၀ ကျော် တပ်ဆင်ထား၍ ပြည်သူများ ခရီးမသွားကြရန် PDF က သတိပေးချက် ထုတ်ပြန်သည်။စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာ၍ YDF(Saw&Kyaukhtu) အနေဖြင့် နင်းမိုင်း ၊ တိုက်မိုင်း ၊ ပဒေသာမိုင်း ၊ စလစ်အိုးမိုင်းအကြီး...

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း စကားကို နားမယောင်ဖို့နဲ့ ကရင်နီပြည် နယ်မှာ ရုံးလာမတက်ဖို့ ဝန်ထမ်းတွေကို ကရင်နီပြည်အစိုးရ သတိပေး၊ ရုံးတက်သူတွေကို ထိရောက်စွာ အရေးယူမယ်လို့ ကြေညာ

ရန်ကုန် | ဖေဖော်ဝါရီ ၁၀ ကရင်နီပြည်နယ်မှာ ဖေဖော်ဝါရီလ ၃ရက်နေ့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လာရောက်ချိန်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ မိမိတို့ရာထူးတာဝန်အလိုက် ပုံမှန်ရုံးပြန်တက်ပြီး တာဝန်ထမ်းဆောင်ကြဖို့ စည်းရုံးခဲ့တဲ့အပေါ် နားယောင်ပြီး ဆောင်ရွက်ခြင်းမပြုဖို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့မှာ အမိန့်ကြေညာစာထုတ်ပြန်ပါတယ်။စစ်ကောင်စီက ကယား(ကရင်နီ)ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့...

မင်းကင်း မောက်တက်ရွာရှိ ဘုန်းကြီးကျောင်းပါ မကျန် စစ်တပ်က မီးရှို့၍ ရွာလုံးကျွတ် ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မောက်တက် ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၀ရက်နေ့ နံနက် ၃နာရီတွင် ရောက်ရှိလာကာ ရွာလုံးကျွတ် နီးပါးမီးရှို့ဖျက်ဆီးခဲ့ကာ ရွာဦး ဘုန်းကြီးကျောင်းပါ မကျန် မီးလောင် ပျက်စီးခဲ့ကြောင်း မင်းကင်း နွေဦးတော်လှန်ရေး အဖွဲ့က...

ဘီးလင်းဂိတ်တွင် Skin Care ပစ္စည်းကို သက်သေခံအဖြစ်သိမ်း၍ ဖမ်းဆီးခံရသော ခရီးသွား ကျောင်းသား ၉ ဦးနှင့်ကားသမား ၁ ဦးကို ထောင် ၁၂ နှစ်ချ၊ ထောင်ကားပေါ်တွင် တစ်လမ်းလုံး သွေးသစ္စာသီချင်းဆိုသွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ မွန်ပြည်နယ်၊ ဘီးလင်းဂိတ်တွင် Skin Care ပစ္စည်းများကို သက်သေခံ အဖြစ်သိမ်းဆည်း၍ ဖမ်းဆီးခံခဲ့ရသော ခရီးသွား တက္ကသိုလ်ကျောင်းသား ၉ ဦးနှင့် ကားသမား ၁ ဦးကို ယနေ့ စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်‌ကြောင်း သိရှိရသည်။ ၂၀၂၁...

ခင်ဦး၊ ကုလားလူးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရပြီး စစ်သား ၄ ဦး ပွဲချင်းပြီး သေဆုံး၊ ကလေးမြို့ ကြံသာရွာရှိ စစ်ကောင်စီတပ်ဖွဲ့ ဝင်တိုက်ခံရပြီး ၁၅ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၀ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကုလားလူးကျေးရွာသို့ ဝင်ရောက်ကာ အများပြည်သူပိုင် နေအိမ် ၁ လုံးကို ဖျက်ဆီးသွားသော အင်အား ၅၀ ပါ စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄...

ထားဝယ်မြို့ပေါ်ဟိုတယ်တစ်ခုမှာ အဖမ်းခံခဲ့ရတဲ့ ကိုဝင်းသီဟကို စစ်ကြောရေးမှာဓားနဲ့ထိုးပြီးနှိပ်စက်ခံနေရ

တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၁၀ ထားဝယ်မြို့ပေါ်က ဟိုတယ်တစ်ခုမှာ အဖမ်းခံခဲ့ရတဲ့ ကိုဝင်းသီဟဆိုတဲ့အမျိုး သားကိုစစ်ကြောရေးမှာ ဓားနဲ့ထိုးပြီး နှိပ်စက်ခဲ့တယ်လို့ မိတ်ဆွေဖြစ်သူနဲ့နီးစပ်သူတွေထံကသိရပါတယ်။ ကိုဝင်းသီဟကို ဖေဖော်ဝါရီလ ၇ ရက်ညက ထားဝယ်မြို့၊ ရှမ်းမလည်ဆွဲရပ်ကွက်က New Light ဟိုတယ်မှာ စစ်ကောင်စီလက်အောက်ခံစရဖအဖွဲ့တွေက လာရောက်ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေကဆိုပါတယ်။ ကိုဝင်းသီဟကို စစ်ကြောရေးမှာ...

မြိုင်တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ Photo - BEGSC-MYAING

ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ညသပိတ်ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့ လေတပ်ဗိုလ်မှူး ဇော်မင်းထင်ကျော် မိသားစု နေအိမ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် စေတီလမ်းရှိ လေတပ်ဗိုလ်မှူး ဇော်မင်းထင်ကျော်၏ မိသားစုဝင်များ နေထိုင်သော အိမ်ရှေ့တွင် ဖေဖော်ဝါရီလ ၁ဝရက်နေ့ နံနက် ၅နာရီ ၁၈မိနစ်ခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုကို ဟင်္သာတမြို့ Local...

တန့်ဆည်တွင် စစ်တပ်က ပေချောင်ရွာနှင့် ခရုတောရွာကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ပေချောင်ရွာနှင့် ခရုတောရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဝင်ရောက် စီးနင်းခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည်...

Latest news

- Advertisement -spot_img