33 C
Yangon

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း စကားကို နားမယောင်ဖို့နဲ့ ကရင်နီပြည် နယ်မှာ ရုံးလာမတက်ဖို့ ဝန်ထမ်းတွေကို ကရင်နီပြည်အစိုးရ သတိပေး၊ ရုံးတက်သူတွေကို ထိရောက်စွာ အရေးယူမယ်လို့ ကြေညာ

Must read

ရန်ကုန် | ဖေဖော်ဝါရီ ၁၀

ကရင်နီပြည်နယ်မှာ ဖေဖော်ဝါရီလ ၃ရက်နေ့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လာရောက်ချိန်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ မိမိတို့ရာထူးတာဝန်အလိုက် ပုံမှန်ရုံးပြန်တက်ပြီး တာဝန်ထမ်းဆောင်ကြဖို့ စည်းရုံးခဲ့တဲ့အပေါ် နားယောင်ပြီး ဆောင်ရွက်ခြင်းမပြုဖို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့မှာ အမိန့်ကြေညာစာထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ကယား(ကရင်နီ)ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် စစ်ဘေးရှောင်ဦးရေ ၁ သိန်း ၇ သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရချိန် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တယားလည်း ပျက်စီးလာနေတာကြောင့် အခုလို ဝန်ထမ်းတွေကို ပြန်စည်းရုံးနေတာလို့ ကရင်နီပြည်အစိုးရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂၅ရက်နေ့ နောက်ဆုံးထားပြီး စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းတွေ ရုံးပြန်တက်ကြဖို့ အာဏာသိမ်းစစ် ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ပေမယ့် ဒါကိုလိုက်နာစရာမလိုကြောင်း ကရင်နီပြည်အစိုးရကဆိုပါတယ်။

ကယား (ကရင်နီ)ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ယန္တယားတွေပြန်လည် လည်ပါတ်နိုင်ခြင်းမရှိစေဖို့ ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီ ဒုတိယစစ်ခေါင်းဆောင်ရဲ့ ခေါ်ယူမှုကို လုံးဝလက်ခံခြင်းမပြုကြဖို့ နဲ့ လက်ခံသူကို စစ်ကောင်စီအားပေးထောက်ခံသူအဖြစ်သတ်မှတ်ပြီး ထိရောက်စွာအရေးယူသွားမယ်လို့ ကရင်နီပြည်အစိုးရကထုတ်ပြန်လိုက်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article