ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ပေချောင်ရွာနှင့် ခရုတောရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဝင်ရောက် စီးနင်းခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ပေချောင်ရွာကို ဖေဖော်ဝါရီလ ၉ရက်နေ့တည်းက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ၂ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူပိုင် နေအိမ် ၁ဝလုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ” ပေချောင်းရွာကို စစ်တပ်က ၉ရက်နေ့တည်းက ရောက်တာ ၂ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးတယ်။ ပြည်သူပိုင် နေအိမ် ၁ဝလုံးလောက် မီးလောင်ဆုံးရှုံးတယ်။ ဒီနေ့ နေ့လည်းပိုင်းလောက်ကျတော့ ခရုတောရွာကို ဆက်သွားပြီး မီးထပ်ရှို့နေတယ်။ ပြည်သူတွေကတော့ ပြေးနေရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ ယင်းစစ်ကောင်စီ တပ်ဖွဲ့များသည် ပေချောင်ရွာကို လက်ရှိချိန်တွင် ခရုတောရွာ၌ ရှိနေကာ ယနေ့ မွန်းလွဲ ၃နာရီခန့်က စတင်ပြီး မီးရှို့ဖျက်နေကာ ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
![](https://yktnews.com/wp-content/uploads/2022/02/1-141.jpg)
![](https://yktnews.com/wp-content/uploads/2022/02/2-90.jpg)
![](https://yktnews.com/wp-content/uploads/2022/02/3-80.jpg)
![](https://yktnews.com/wp-content/uploads/2022/02/4-70.jpg)
![](https://yktnews.com/wp-content/uploads/2022/02/5-59.jpg)
![](https://yktnews.com/wp-content/uploads/2022/02/6-44.jpg)