35 C
Yangon
- Advertisement -spot_img

ARCHIVE

Yearly Archives: 2022

ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မတ်လ ၁၃ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ယနေ့ မတ် ၁၃ ရက်နေ့တွင် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။ယင်းအစီအစဉ်တွင် တစ်ပတ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် သတင်းများထဲမှ ထူးခြားသည့်သတင်းများကို ရွေးချယ်ကောက်နုတ်တင်ဆက် ပေးသွား မည်ဖြစ်ပါသည်။ https://youtu.be/igzQTtSRsww

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၂ ဦး သေဆုံးပြီး ၁၉ ဦး အဖမ်းခံရ

ရန်ကုန်၊ မတ် ၁၃ မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၂ ဦးသေဆုံးပြီး ၁၉ ဦးအဖမ်းခံရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မအူပင်မြို့မရဲစခန်းတွင် ရဲတပ်သားသစ် မင်းမင်းထက် သေနတ်ကို ကလိရင်း လည်ပင်း ကျည်ထိသေဆုံး၊ ရန်ကုန်မြို့လယ်ခေါင်တွင် ယာဉ်ထိန်းရဲ တစ်ဦး လဲကျသေဆုံး၊ စစ်ကိုင်းတွင် အချင်းချင်း ပြန်ပစ်၍ စစ်ကောင်စီဘက်တော်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၂ ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်မြို့မရဲစခန်းတွင် ရဲတပ်သားသစ် အဖြစ် တာဝန်ထမ်းဆောင်မည့် မင်းမင်းထက် ယနေ့ သေနတ်ကို ကလိရင်း ကျည်ထွက်လာကာ လည်ပင်းကိုထိမှန်သေဆုံးသွားကြောင်း သိရှိရသည်။ "မအူပင်မြို့ရဲစခန်းထဲမှာ သတင်းပေးဒလန် ရဲလူသစ်လုပ်မယ်ဆိုပြီး နေတာ သေနပ်ကလိရင်းကျဥ်ဆန်ထွက်ပြီးလည်ပင်းထိပြီးသေတယ်။ ရဲထဲဝင်မယ့် လူသစ် ဒလန် မင်းမင်းထက်ပါ"...

ရေဖြူတွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ဦးသေဆုံး၊ဝက်လက် တွင် တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသည့် မိုင်းဖြုတ်နေစဉ် မိုင်းပေါက်ကွဲပြီး ပျူစောထီး ၁ဦး သေဆုံး

ရန်ကုန်၊ မတ် ၁၂ စစ်ကိုင်းတိုင်း ဝက်လက်မြို့ မင်းကုန်းအထွက်လမ်းတွင် မတ်လ ၁၂ ရက်နေ့ ညနေ ၃နာရီ ၃ဝမိနစ်ခန့်က တော်လှန်ရေး တပ်ဖွဲ့များ ထောင်သည့် မိုင်းကို ပျူစောထီး အဖွဲ့ဝင် ဖိုးခိုင်က ဖြုတ်နေစဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ ၂ဖွဲ့က ဖောက်ခွဲခဲ့ပြီး...

ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ပြည်/ခွန် ညသပိတ်ပြုလုပ်

ရန်ကုန်၊ မတ် ၁၂ မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၁၂ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး အသံမတိတ်တဲ့ ပြည်ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်လူထု ၂၄ နာရီ မီးလင်းရေးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့လယ်ခေါင် မီးတုတ်သပိတ် ချီတက်

ရန်ကုန်၊ မတ် ၁၂ မိမိ ခန္ဓာကိုယ်ကို မီးရှို့ကာဆန္ဒပြခဲ့သည့် ကျောက်ပန်းတောင်းမြို့နေ ကိုအောင်အောင်ရေးသားခဲ့သော "၂၄နာရီလုံး အများပြည်သူမီးလင်းပါစေ ၂၀၀၁/၂၀၀၂ ပြန်မသွား" ဆိုသည့် စာတန်းအား ကိုင်စွဲကာ မီးတုတ်များဖြင့် မြို့လယ်ခေါင်၌ ရန်ကုန်လူထုသပိတ်မှ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်။ ယနေ့ မတ်လ ၁၂ ရက်...

စစ်ကိုင်း၊ မန္တလေးနှင့် ကချင်တို့တွင် စစ်ကြောင်းနှင့် စစ်ယာဉ်တန်းများ တိုက် ခိုက်ခံရကာ စစ်သား ၂၇ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၂ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အကြမ်ဖက် စစ်ကောင်စီ စစ်ကြောင်းနှင့် ယာဉ်တန်းများ တိုက်ခိုက်ခံရကာ စစ်သား ၂၇ ဦးသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။ စစ်ကိုင်းတိုင်း==========စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ စိမ်းစားရွာတွင် မတ်လ ၁၂ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသော အကြမ်းဖက်...

စစ်အာဏာရှင် ဖြုတ်ချရေး မုံရွာအနောက်မြောက်လွင်ပြင်ဒေသ ညသပိတ်ပြုလုပ်ဆန္ဒပြ (ရုပ်/သံ)

ရန်ကုန်၊ မတ် ၁၂ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး စစ်ကိုင်းတိုင်း၊ မုံရွာအနောက်မြောက်လွင်ပြင်ဒေသရှိ တော်လှန်ကျောင်းသားလူငယ်များသည် ယနေ့ မတ်လ ၁၂ ရက် ညတွင် လျှပ်စစ်မီးဖြတ်တောက်ခံနေရချိန် ဖယောင်းတိုင်များ ကိုင်ဆောင် ဆန္ဒပြကြသည်။ https://youtu.be/fk2fNiqwLsg

အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး မြိုင်တောင်ပိုင်း သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၁၂ မြိုင်မြို့နယ် တောင်ပိုင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစတပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှေ့ ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၁ဦးသေဆုံးနိုင်

ရန်ကုန်၊ မတ် ၁၂ ရန်ကုန် ၈မိုင် ဂုံးတံတားအောက်ရှိ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှေ့တွင် ကင်း စောင့် နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ရန်ကုန်မြို့ပြ ပျောက်ကြားတပ်ဖွဲ့ Yangon-e UG ယနေ့ မတ်လ ၁၂ ရက်နေ့ ညနေ ၄နာရီခန့်တွင်...

Latest news

- Advertisement -spot_img