25 C
Yangon

ရေဖြူတွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ဦးသေဆုံး၊ဝက်လက် တွင် တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသည့် မိုင်းဖြုတ်နေစဉ် မိုင်းပေါက်ကွဲပြီး ပျူစောထီး ၁ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၂

စစ်ကိုင်းတိုင်း ဝက်လက်မြို့ မင်းကုန်းအထွက်လမ်းတွင် မတ်လ ၁၂ ရက်နေ့ ညနေ ၃နာရီ ၃ဝမိနစ်ခန့်က တော်လှန်ရေး တပ်ဖွဲ့များ ထောင်သည့် မိုင်းကို ပျူစောထီး အဖွဲ့ဝင် ဖိုးခိုင်က ဖြုတ်နေစဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ ၂ဖွဲ့က ဖောက်ခွဲခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း နတ်တောင်နဂါး (ပ က ဖ) ပျောက်ကြားတပ်ဖွဲ့ ထံမှ သိရသည်။

အဆိုပါ သေဆုံးသူ ပျူစောထီး အဖွဲ့ဝင် ဖိုးခိုင်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် နတ်တောင်နဂါး (ပ က ဖ) ပျောက်ကြားတပ်ဖွဲ့နှင့် ဝက်လက်မြို့နယ် (တပ်ရင်း .၁၅) GHOST RIDER Special Task Force BURMA တပ်ဖွဲ့တို့က အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ထိန်ကြီးရွာတွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ညဏ်ရီ ဆိုသူကို အမည်မသိ သေနတ်သမားများက မတ်လ ၁၂ရက်နေ့ မွန်းလွဲ ၁ နာရီ ၃ဝမိနစ်ခန့်တွင် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ညဏ်ရီဆိုသူသည် ကျေးရွာအတွင်းရှိ ပြည်သူများကို အကြောင်းအမျိုးမျိုးပြကာ ငွေကြေးကောက်ခံပြီး စစ်တပ်ကို ထောက်ပံ့က ဆိုးသွမ်းနေသူဖြစ်ပြီး အပြစ်မဲ့ ပြည်သူများကို စစ်တပ်က လာရောက်ဖမ်းဆီးစဉ်တွင် လမ်းပြလုပ်ဆောင်ပေးနေသူ ဖြစ်ကြောင်း သိရသည်။

Photo – Dawei Information Center

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article