25 C
Yangon

မအူပင်မြို့မရဲစခန်းတွင် ရဲတပ်သားသစ် မင်းမင်းထက် သေနတ်ကို ကလိရင်း လည်ပင်း ကျည်ထိသေဆုံး၊ ရန်ကုန်မြို့လယ်ခေါင်တွင် ယာဉ်ထိန်းရဲ တစ်ဦး လဲကျသေဆုံး၊ စစ်ကိုင်းတွင် အချင်းချင်း ပြန်ပစ်၍ စစ်ကောင်စီဘက်တော်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၂

ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်မြို့မရဲစခန်းတွင် ရဲတပ်သားသစ် အဖြစ် တာဝန်ထမ်းဆောင်မည့် မင်းမင်းထက် ယနေ့ သေနတ်ကို ကလိရင်း ကျည်ထွက်လာကာ လည်ပင်းကိုထိမှန်သေဆုံးသွားကြောင်း သိရှိရသည်။

“မအူပင်မြို့ရဲစခန်းထဲမှာ သတင်းပေးဒလန် ရဲလူသစ်လုပ်မယ်ဆိုပြီး နေတာ သေနပ်ကလိရင်းကျဥ်ဆန်ထွက်ပြီးလည်ပင်းထိပြီးသေတယ်။ ရဲထဲဝင်မယ့် လူသစ် ဒလန် မင်းမင်းထက်ပါ” ဟုဒေသခံတစ်ဦးက ပြောသည်။

အလားတူ ရန်ကုန်မြို့လယ်ခေါင် ဆာကူရာတာဝါအနီး ဆူးလေမီးပွိုင့်တွင် ယနေ့ နေ့လယ် ၁၂ နာရီကျော်အချိန် လဲကျသေဆုံးသွားကြောင်း ရဲသတင်းရပ်ကွက်ထံမှ သိရှိရသည်။

“သူက အရက်သောက်တယ်။ ပုံမှန် သွေးတိုးလည်းရှိတယ်။ နေအရမ်းပူတော့ လဲကျပြီး ဆုံးတာပါ” ဟု ယာဉ်ထိန်းရဲသတင်းရပ်ကွက်က ဆိုသည်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ဆေးရုံတွင် အစောင့်ကျနေသော စစ်မှုထမ်းဟောင်းအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားရာ ၂ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ သိရှိရသည်။

မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ ကုတင် ၂၀၀ဆံ့ဆေးရုံ အစောင့်အဖြစ် စစ်ကောင်စီကခန့်အပ်ထားသည့် စစ်မှုထမ်းဟောင်းများ အချင်းချင်းစကားများပြီး ပစ်ခတ်ကြရာ နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး အရေးပေါ်အခြေအနေမှာရှိနေကာ စိုးရိမ်ရကြောင်း သိရှိရသည်။

စစ်ကိုင်းကုတင် ၂၀၀ဆံ့ဆေးရုံ အစောင့်အဖြစ် စစ်မှု ထမ်းဟောင်းသက်ကြီးရွယ်အိုများအား အကြမ်းဖက်စစ်ကောင်စီက တစ်ရက်လျှင် နေ့စားခ ၇,၀၀၀ ကျပ်နှုန်းဖြင့် ခန့်ထားခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြား ရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article