30 C
Yangon

ဒီးမော့ဆိုတွင် ပိန္နဲသီးခိုးနေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ စစ်ကိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံး

Must read

ဒီးမော့ဆိုတွင် ပိန္နဲသီးခိုးနေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ စစ်ကိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ၅ မိုင်ကျေးရွာအတွင်း၌ ပြည်သူပိုင်ပိန္နဲသီးဝင်ခိုးနေသော အကြမ်း ဖက်စစ်သားနှစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း KNDF တပ်ရင်း၉ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်ဝါရီလ ၁၆ ရက် နေ့လည်ပိုင်းက ဒီးမော့ဆိုမြို့နယ် အခြေစိုက် အမှတ် ၄၂၇ တပ်ရင်းမှ တပ်သားများ သည် ၅ မိုင်ကျေးရွာနှင့် ၆ မိုင်ကျေးရွာ၌ တပ်စွဲသည့် အကြမ်းဖက်စစ်သားများထဲမှ စစ်သားနှစ်ဦးသည် ကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေစဉ် KNDF တပ်ရင်း ၉ တပ်ခွဲ ၂ တပ်ဖွဲ့ ဝင်များ နှင့် တွေ့ဆုံပြီး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က ခိုးဖို့လာတာလား၊ ဘာလားတော့ မသိဘူး၊ ပိန္နဲသီးခူးနေတာ၊ ကျနော်တို့ရဲဘော်တွေ ကင်း လှည့် ရင်းနဲ့သွားတွေ့တာ၊ ပထမထင်တာက ရိုးရိုးပြည်သူပဲထင်တာ၊ အပင်ပေါ်ကတစ်ယောက်ကို ပေါ့နော၊ အိမ်ထဲကထွက်လာတဲ့တစ်ယောက်က ခွေးယူနီဖောင်းနဲ့တွေ့တော့မှ ခွေးပဲဆိုပြီး ရဲဘော်တွေ က တစ်ခါတည်းရှင်းလိုက်တာ”ဟု KNDF တပ်ရင်း၉ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယင်းစစ်သားနှစ်ဦး ပစ်ခတ်ရှင်းလင်းပြီးနောက် ညနေပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ ဘေးပတ်ဝန်းကျင် သို့လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ထုံးဘိုရွာအနီး အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း နဂါးနီပျောက်ကြား အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ကိုင်းမြို့နယ် ထုံးဘိုရွာအနီး အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ရဲဘော် ၁ ဦးကျဆုံးကာ စစ်တပ်က ထုံးဘိုရွာကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်း သိရသည်။

ညနေ ၄ နာရီ ၂၂ မိနစ်ခန့်တွင် ထုံးဘိုရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ကျားသစ်နက် – ပျောက်ကျားအဖွဲ့ နှင့် နဂါးနီပျောက်ကြား – မတ္တရာမြို့နယ် အဖွဲ့တို့မှ လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေး တပ်ဖွဲ့တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်းကွန်းမြို့ရှိ မြေငလျင်ကြောင့် စိန်ဖူးတော် မြေခခဲ့သည့် မြသိန်းတန်စေတီအား ဇွန်လ ၂၁ ရက်နေ့တွင် ထီးတင်ရန် လာမည့် အကြမ်းဖက် စစ်တပ်မှ အရာရှိများကို လုံခြုံရေးယူပေးရန်အတွက် မင်းကွန်းမြို့အနီးရှိ ထုံးဘိုကျေးရွာကို ဝင်ရောက်စီးနင်း ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article