34 C
Yangon

မင်္ဂလာဒုံလေတပ်လိုင်းခန်းဝင်းအတွင်း M 79 ဗုံးသီး ၃ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မင်္ဂလာဒုံလေတပ်လိုင်းခန်းဝင်းအတွင်း M 79 ဗုံးသီး ၃ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၇

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်နှင့်အင်းစိန်မြို့နယ်အကြားရှိ မင်္ဂလာဒုံလေတပ် လိုင်းခန်း ဝင်းအတွင်းသို့ ယနေ့ နံနက် ၅ နာရီအချိန် ဗုံးပစ်လောင်ချာဖြင့် ဗုံး ၃ လုံးပစ် ခတ်ခံရခဲ့ကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့က ထုတ်ပြန်လာပြီး ဒေသ ပြည် သူများကလည်း ပေါက်ကွဲသံများကြားရကြောင်း ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောဆိုကြသည်။

အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ -အဆပလ- ACPLF က Fear No Evil အဖွဲ့နှင့်ပူး ပေါင်း၍ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၅ နာရီ ၅ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ်နှင့် အင်းစိန်မြို့နယ်ကြား ဂျပန် လမ်း (သီရိမင်္ဂလာလမ်း) ပေါ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ မင်္ဂလာဒုံ လေတပ် လိုင်းခန်းဝင်းအတွင်းသို့ M ၇၉ ဗုံးပစ်လောင်ချာဖြင့် ဗုံးသီးသုံးလုံး အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“ဒီ​နေ့ မနက်​စော​စော နံနက် ၅ နာရီ အင်းစိန် ဗုန်းကွဲတာ အကျယ်ကြီးပါပဲ။ အသံကြားရပါတယ်။ ဒီညနေ သတင်းတွေ တက်လာတာတော့ မင်္ဂလာဒုံ လေတပ်လိုင်းခန်းဝင်းလို့ တက်တာတွေ့ပါတယ်။ အင်းစိန်ဘက်က တော်တော် ပီပီ သသကြားရတယ်” ဟု အင်းစိန်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- M 79 ဗုံးသီးနှင့်လက်နက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article