33 C
Yangon

မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာအနီး နွားကျောင်းနေသော ပျူစောထီးများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး၊ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာအနီး နွားကျောင်းနေသော ပျူစောထီးများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး၊ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာအနီး နွားကျောင်းနေသော ပျူစောထီးများကို စနိုက်ပါဖြင့် ပစ်ခတ်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးကျေးရွာ၏ အနောက်တောင်ဘက် ဘန်ကာ ရှေ့ ဝန်းကျင်၌ နွားကျောင်းထွက်လာသော ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး ကျန်ရှိနေသော ပျူစောထီးများ ကျေးရွာအတွင်း ဝင်ရောက် ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ကို မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ-၁ ၊ တပ်ခွဲ-၂ (ဂဋုန်)၊ TYK ပြောက်ကျားတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့၊ Myaing Warriors၊ MRDF၊ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်နှင့် နံနက် ၁၁ နာရီခန့်တွင် မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာ၌ အထိုင်ချ တပ်စွဲထားသော အင်အား ၂၅ ဦးခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မတ္တရာမြို့နယ် ပကဖ က Fixed Wings Drone ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့တွင် မတ္တရာမြို့နယ်၊ တံငါ(တောင်)ကျေးရွာ တံတားပေါ်ရှိ ဂိတ်ကြေးတောင်းခံနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးခန့်ကိုလည်း ဒရုန်းဖြင့် ဗုံးသီး ၁ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article