37 C
Yangon

ကျိုက်ထိုမြို့တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း ကျော်ကျော် ပစ်ခတ်ခံရပြီး သေနတ် ကျည် ၃ ချက် ထိမှန်ကာ ပြင်းထန် ဒဏ်ရာရ

Must read

ကျိုက်ထိုမြို့တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း ကျော်ကျော် ပစ်ခတ်ခံရပြီး သေနတ် ကျည် ၃ ချက် ထိမှန်ကာ ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း ကျော်ကျော် ပစ်ခတ်ခံရပြီး သေနတ် ကျည် ၃ ချက် ထိမှန်ကာ ပြင်းထန် ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ် ခန့်တွင် ကျိုက်ထိုမြို့၊ ကျိုက်ပိကျေးရွာတွင်‌ နေထိုင်သော အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း ကျော်ကျော် ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့က ရဲဘော်များက ကျိုက်ထိုမြို့၊ ကံကော်ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ နီလာ တည်းခိုခန်း နှင့် အင်းဝဘဏ် ကပ်ရပ်ရှိ ဆိုင်ကယ် ကယ်ရီဂိတ်တွင် ပစ္စတိုဖြင့် ၆ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်သားဟောင်း ကျော်ကျော်သည် ပေါင်ရှပ်ထိ ဒဏ်ရာ ၁ ချက် ၊ ပေါင် အတွင်း ကျည်နစ်မြုတ် ဒဏ်ရာ ၁ ချက် ၊ တင်မဆုံမှ ဆီးခုံအတွင်းကို ကျည်ထိုးဖောက်ဒဏ်ရာ ၁ ချက် စုစုပေါင်း ၃ ချက် ထိမှန်ခဲ့ပြီး ကျိုက်ထိုဆေးရုံကြီးမှ သထုံဆေးရုံကြီးကို စိုးရိမ်ရ အခြေနေဖြင့် ပို့ဆောင်ထားကြောင်း သိရှိရသည်။

ပြင်းထန် ဒဏ်ရာရှိထားသော စစ်သားဟောင်း ကျော်ကျော် သည် တော်လှန်ရေးတပ်ဖွဲများ၏ သတင်းများကို စစ်ကောင်စီ အတွက် လိုက်လံ စုံစမ်း သတင်းပေးခြင်း၊ အလောင်းကစားဝိုင်း ၊ KTV များတွင်လည်း စစ်ကောင်စီတပ်သားများနှင့် အသွားအလာ လုပ်နေသူဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အင်းဝဘဏ် အတွင်း လုံခြုံရေး ယူနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article