33 C
Yangon

မြင်းမူမြို့ပေါ် ဗိုလ်ချုပ်ကျောက်တိုင်အနီး စစ်သား ၃ ဦး မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး၊ နတ်တလင်း တွင် PDF များကို ဖမ်းဆီးမည်ဟု ကြွေးကြော်သူ စစ်တပ် သတင်းပေးနှင့်ထောက်ခံသူ ပစ်ခတ်ခံရပြီး သေဆုံ

Must read

မြင်းမူမြို့ပေါ် ဗိုလ်ချုပ်ကျောက်တိုင်အနီး စစ်သား ၃ ဦး မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး၊ နတ်တလင်း တွင် PDF များကို ဖမ်းဆီးမည်ဟု ကြွေးကြော်သူ စစ်တပ် သတင်းပေးနှင့်ထောက်ခံသူ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇနနဝါရီ ၁

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ် ဗိုလ်ချုပ်ကျောက်တိုင်အနီး စစ်သား ၃ ဦး မိုင်းဆွဲ ခံရပြီး ၂ ဦးသေဆုံးကြောင်း မြင်းခြံ Zero ပျောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီး က ပြောသည်။

ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ် ဗိုလ်ချုပ် ကျောက်တိုင်အနီးတွင် စစ်သား ၃ ဦးကို မိုင်းဆွဲမှု ဖြစ်ပွားကြောင်း၊ မိုင်းဆွဲမှု ကြောင့် စစ်သား ၃ ဦးအနက်မှ ၂ ဦးသေဆုံးပြီး ၁ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။

“အထက ၁ ထဲကနေထွက်လာတဲ့ ခွေး‌ ၃ ကောင်ကို မိုင်းဆွဲခဲ့တာ။ သေတာ က၂ကောင်သေပြီး ၁ကောင် ပြင်းထန်ဒဏ်ရာရသွားတယ်” ဟု မြင်းခြံ Zero ပျောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ခြင်းကို မြင်းခြံ Zero ပျောက် ကျား တပ်ဖွဲ့ ၊ True Fighterအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ လယ်သာအုပ်စု၊ လယ်သာရွာတွင် PDF ၃ ဦးကို ရအောင် ဖမ်းပြမည် ဟု ကြုံးဝါးထားသူ စစ်တပ် သတင်းပေးနှင့်ထောက်ခံသူ စိုးလွင်ဦး ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပစ်ခတ် ခံရပြီး သေဆုံးသွား ကြောင်း နတ်တလင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ထံမှ သိသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် လယ်သာကျေးရွာမှ ဂိတ်ကောက် စခန်းသို့ လာရောက်စဉ် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၃ နတ်စစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နတ်တလင်းမြို့နယ်က စစ်တပ်သတင်းပေးနှင့်ထောက် ခံသူ စိုးလွင်ဦးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

စိုးလွင်ဦးသည် အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းကာ ပြည်သူလူထုအား အနိုင်ကျင့်နေခြင်း၊ နတ်တလင်းမြို့ မှ စစ်တပ်သတင်းပေး ဒလန်အကြီးစား စိုးမြတ်၏ တပည့်ရင်းဖြစ်ပြီး PDF ၃ ဦးရအောင်ဖမ်းပြ မည်ဟု ကြိမ်းဝါး ထားသူဖြစ်ကြောင်း နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုထားသည်။

ဓာတ်ပုံ- Zero ပျောက်ကျားတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article