29 C
Yangon

ဘုရားသုံးဆူရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်း ၂ ခုကို သိမ်းပိုက် ထား ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ တိုက်လေယာဉ်ဖြင့် ပစ်ခတ်နေပြီး မဟာမိတ်ပူးပေါင်းတပ်များဘက်မှ တော်လှန်ရေးရဲဘော် ၆ ဦးကျဆုံး

Must read

ဘုရားသုံးဆူရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်း ၂ ခုကို သိမ်းပိုက် ထား ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ တိုက်လေယာဉ်ဖြင့် ပစ်ခတ်နေပြီး မဟာမိတ်ပူးပေါင်းတပ်များဘက်မှ တော်လှန်ရေးရဲဘော် ၆ ဦးကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေ ဘုရားသုံးဆူ ရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်း ၂ ခုကို မဟာမိတ်တပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်ထားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား ကြောင်း KTLA(Lion Battalion Commando-ဗျူဟာစစ်ကြောင်း)ထံမှ သိရှိရ သည်။

ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၃ နာရီအချိန် ဘုရားသုံးဆူလမ်းရှိ တောင်စွန်း BGF စခန်းကို KTLA(Lion Battalion Commando-ဗျူဟာစစ်ကြောင်း)၊ KNLAနှင့် ပူး‌ပေါင်းအဖွဲ့က ဝင်ရောက်သိမ်းပိုက်လိုက်ကြောင်း၊ BGF စခန်း ၃ ခုထဲမှ ၂ ခုကို လောလောဆယ် သိမ်းဆည်းလိုက်ပြီး ​စစ်ကောင်စီ လက် အောက် ခံ တပ် အထိအခိုက်အကျအဆုံးများကြောင်း၊ ယမန်နေ့တိုက်ပွဲတွင် Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် (ခ)အနဲ အပါအဝင် မဟာမိတ် ပူးပေါင်းအဖွဲ့မှရဲဘော် ၆ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များက မြေပြင်တွင် အထိနာနေသဖြင့် လေကြောင်း ပစ်ကူဖြင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် ဒေသပြည်သူ ၄ ဦး ထိမှန်ထားကြောင်း၊ ကရင် ပြည် နယ် ကော့ကရိတ်မြို့အနီးနားအပါအဝင် ဘုရားသုံးဆူအထိ ကျေးရွာ များတွင် စစ်ကောင်စီတပ်နှင့် KTLA(Lion Battalion Commando-ဗျူဟာ စစ်ကြောင်း)၊KNLA နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များအ ကြား ၂ ပတ် ကြာ တိုက် ပွဲ ပြင်းထန်နေတာကြောင့် စစ်ဘေးရှောင် ၁၅၀၀ ကျော်လည်းရှိနေ ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်က KTLA(Lion Battalion Commando-ဗျူဟာစစ် ကြောင်း) ကို ဆက်သွယ်မေးမြန်းရာ လတ်တလော တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲ အတွင်းတွင် ရှိနေသေးသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်မည်ဟု ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article