30 C
Yangon

ရေးမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင် ဖောက်ခွဲပြီး စစ်ဆေးရန် လာ သော စစ်ကြောင်းကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး

Must read

ရေးမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင် ဖောက်ခွဲပြီး စစ်ဆေးရန် လာ သော စစ်ကြောင်းကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင် ဖောက်ခွဲခံရမှု လာ စစ်ဆေးသည့် စစ်ကြောင်းကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံးကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီတွင် ရေးဘီလူးအဖွဲ့က စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဖောက်ခွဲလိုက်ကြောင်း၊ ယင်းနောက် လမ်းခုလတ်တွင် ကင်းပုန်း ဝပ်၍ စောင့်နေစဉ် အင်အား ၅၀ ရှိသော စစ်တပ်စစ်ကြောင်းက တာဝါတိုင်ကို လာရောက်စစ်ဆေးကြောင်း၊ ထို့ကြောင့် ရေးဘီလူးအဖွဲ့က ကင်းပုန်းဝပ်၍ ပစ် ခတ်တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးကြောင်း ၎င်းက ပြောသည်။

“ဒီမနက် ၈ နာရီလောက်မှာ Mytel အရင်ဆုံးဖြိုခွင်းတယ်။ ဖြိုခွင်း ဖျက်ဆီး ပြီးတော့ ခွေးတွေက Mytel တာဝါတိုင်ကို စစ်ဆေးရေးအနေနဲ့ တက်လာတဲ့ အင်အား ၅၀ ကို ကင်းပုန်းနေရာယူပြီးတော့ ပြန်စောင့်ပစ်တယ်။ Mytel တာဝါ တိုင် မစ်ရှင်အပြီး ၁ နာရီလောက်အကြာမှာ ဒီအကောင် တက်အလာ လမ်းခု လတ် ကနေ စောင့်ပြီးတော့ ပစ်တာ ခွေး ၇ ကောင်ကျတယ်။ ကျနော်တို့ ဆုတ်လမ်းကို အကောင်းဆုံး ဆုတ်နိုင်ခဲ့တယ် အထိအခိုက် ဘာမှ မရှိပါဘူး” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ရေးဘီလူးအဖွဲ့က အကြမ်းဖက် စစ်တပ် ဒေါက် တိုင်များနှင့် စစ်တပ်ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုများ လုပ်ဆောင် လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article