ကနီတွင် ဗမာ့လွတ်မြောက်ရေးတပ်ဖွဲ့၏ Medical Team မှ ကလေး ၉၅ ဦးကို အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေး
ရန်ကုန်၊ ဇန်နဝါရီ ၂
ကနီမြို့နယ်ထဲရှိ ကျေးရွာတစ်ရွာတွင် ဗမာ့လွတ်မြောက်ရေးတပ်ဖွဲ့ – Burma Liberation Force ၏ Medical Team မှ သွားရောက်ပြီး အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုအနေနှင့် အသက် ၂နှစ်မှ ၅ နှစ်အတွင်း ကလေးငယ် ၉၅ ဦးကို သန်ချဆေးများ တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။








