38 C
Yangon

မတ္တရာတွင် ခြေလျင် အကြမ်းဖက်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံး

Must read

မတ္တရာတွင် ခြေလျင် အကြမ်းဖက်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီလ ၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လမိုင်းရွာနှင့် တောင်ကန်ရွာကြားတွင် ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက် ၁၀ နာရီခန့်က ခြေလျင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေးမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မတ္တရာမြို့နယ်၊ ရွာသာရွာမှ ထွက်လာသော အင်အား ၄၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၇ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိ သွားကြောင်း မတရား အကြမ်းဖက် ဖမ်းဆီးခံရသော မြို့ပြပြောက်ကျားရဲဘော်ညီနောင်များအတွက် လက်စားချေ တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အင်အား ၄၀ လောက်နဲ့တက်လာတာ၊ မိုင်းဆွဲပြီးတော့ ရမ်းသမ်းပစ်တယ်၊ မိုင်းဆွဲပြီး ပြေးလာရတော့ ခွေးတွေ ဘယ်လိုတွေ ဖြစ်ကျန်ခဲ့လဲ အတိအကျ မသိခဲ့ရဘူး။ ခွေးသေအလောင်းတွေကို လူနာတင်ယာဉ် ၂ စီးနဲ့လာ သယ် သွားတယ်၊ ဒဏ်ရာရတဲ့သူတွေလည်း များပါတယ်” ဟု မြနန္ဒာစစ်ဆင်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့က မန္တလေးမြို့ရှိ Mandalay Young Force (MYF) မှ မြို့ပြပြောက်ကျား တပ်ဖွဲ့ ဝင် လူငယ်အချို့၊ ဘုန်းကြီးတစ်ပါးအပါအဝင် လူငယ် ၁၆ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီး ထားခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်မှ တပ်သား ၁ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article