38 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၃ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ထိုင်းနိုင်ငံက ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုကုမဏ္ဍီဖြစ်တဲ့ True Moneyက ခရိုနီတေဇရဲ့ သားဖြစ်သူ ပိုင်ဆိုင်တဲ့ AGDဘဏ်နဲ့ လက်တွဲဆောင်ရွက်နေတဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီး မြန်မာ့ရှေ့ဆောင်ဘဏ် MABဘဏ်နဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁၆ ရက်ကတည်း လက်တွဲဆောင်ရွက်နေပြီဖြစ်တယ်လို့ True Money မြန်မာက ထုတ်ပြန်ကြေညာပါတယ်။

– စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်( နမခ) တပ်အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံး မှုရှိနိုင်တယ်လို့ Fighter For People – FFP ဆီက သိရပါတယ်။

– မင်းအောင်လှိုင်ခေါင်းဆောင်တဲ့အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်ကစပြီး ၂၃ လတာအတွင်း ပြည်သူ ၁၆,၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး စစ်အုပ်စုနဲ့ လက်ပါးစေတွေရဲ့လက်ချက်ကြောင့် ၂,၆၈၈ ဦး သေဆုံးခဲ့ ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က မနေ့က ထုတ်ပြန်ပါတယ်။

– မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လမိုင်းရွာနဲ့ တောင်ကန်ရွာကြားမှာ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီလောက်က အကြမ်းဖက်ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၇ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article