ပုလောတွင် PDF တပ်ဖွဲ့နှင့် စစ်တပ်အကြားတိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦး သေဆုံးကာ PDF တစ်ဦး ကျဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၅
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ကြားတို့ကြား အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံး ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း Palaw –KPDF ထံမှ သိရသည်။
ဇန်နဝါရီလ ၂ ရက် နံနက် ၇ နာရီခန့်က ကြဲကျေးရွာမှ တပိုကျေးရွာဘက်သို့ တက်လာမည့် အကြမ်း ဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မိုင်းထောင်ရန်သွား ရောက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိပ်တိုးကာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက် စစ်သား ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ မိုင်းထောင်ပစ်ခတ်တိုက်ရန်အတွက် သွား ရောက်သောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှာ Palaw KPDF တပ်ဖွဲ့နှင့် အရိပ်ပြောက်ကျားတပ်ဖွဲ့တို့ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲအတွင်း Palw KPDF မှ ရဲဘော်တစ်ဦးကျဆုံးကာ M 16 ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ပစ္စတိုတစ်လက်နှင့်အတူ ကျည်ဆံအချို့ဆုံးရှုံးခဲ့ကြောင်း Palw KPDF က ပြောသည်။