39 C
Yangon

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန်၊ စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ရန် အပါအဝင် ကုလ လုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက်များ စစ်ကောင်စီ မလိုက်နာလျှင် အရေးယူမှုများ ရှိလာနိုင်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

Must read

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန်၊ စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ရန် အပါအဝင် ကုလ လုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက်များ စစ်ကောင်စီ မလိုက်နာလျှင် အရေးယူမှုများ ရှိလာနိုင်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၅

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်း သား အားလုံး လွှတ်ရန်၊ စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ရန် အပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ် ချက်များ မလိုက်နာလျှင် စစ်ကောင်စီကို လုံခြုံရေးကောင်စီက ဆက် လက် အရေးယူမှုများ ရှိလာနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့် တွေ့ဆုံ မေးမြန်းခန်းတွင် ၎င်းကအ ထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဆုံးဖြတ်ချက်ချပြီးတဲ့ကာလ၊ Report တင်မယ့်ကာလ ။ ဒီဆုံးဖြတ်ချက်ထဲမှာပါတဲ့အ ချက်အလက် တွေ။ဥပမာ- ခုန က ပြောတဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတကြီးအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့ဆိုတဲ့ အချက်အလက်မျိုးတွေ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးဖို့ ဆိုတဲ့ အချက်မျိုးတွေ အဲဒီအချက်အလက် တွေနဲ့ ပတ်သက်ပြီး Report တင်တဲ့အခါမှာ Reflect လုပ်ရမယ့်အပိုင်းရှိတယ်။ နောက်တစ်ပိုင်းက လည်း အာဆီယံနဲ့ပူး ပေါင်းဆောင်ရွက်ရမယ့်အပိုင်း။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်မှု နဲ့ပတ်သက်ပြီး Report တင်ရမှာတွေရှိတယ်။ အဲဒါတွေ မတိုးတက်ဘူးဆိုရင် နောက်တစ်ဆင့်ပေါ့။ နောက်တစ်ဆင့်ဆိုတဲ့ဥစ္စာမှာ ဘယ်အတိုင်းအတာထိမြန်မြန်သွားနိုင်မလဲ ဆိုတာ က မြေပြင်မှာ ဖြစ်ပေါ်မှု ရယ် ကျနော်တို့ကို ထောက်ခံနေတဲ့ နိုင်ငံတွေရဲ့ ခိုင်ခိုင်မာမာရပ်တည်ပြီး တွန်းအား ပေးမှု တွေ ကတော့ အများကြီး အဓိက Factor တွေဖြစ်လာမယ်လို့ သုံးသပ်ပါတယ်။ မလုပ်ရင် တော့ မလုပ်သလိုတော့ လုံခြုံရေးကောင်စီက ဒီအတိုင်း ရပ်ကြည့်နေမှာမဟုတ်ဘူးလို့တော့ သုံးသပ်ပါတယ်။ ဒါပထမဆုံး Resolution လည်းဖြစ်ပါတယ်” ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် ၇၄ နှစ်တာကာလအတွင်း ပထမဆုံးသော ဆုံးဖြတ်ချက်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့ တွင် ချမှတ်ခဲ့ပြီး စစ်ကောင်စီ က ကျူးလွန်နေသော အကြမ်းဖက်မှု အဆုံးသတ်ရန်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက် ချင်း လွှတ်ပေးရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဘာဘရာဝုဒ်ဝဒ်က ဗြိတိန်က တင် သွင်း သည့် အဆိုပြုချက် ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြု လိုက် ခြင်းသည် စစ်တပ်ထံသို့ ခိုင်မာသော သတင်း စကား ပေးပို့လိုက်ခြင်း ဖြစ် ပြီး အဆိုပါဆုံးဖြတ်ချက်ကို အပြည့်အ၀ အကောင်အထည်ဖော်ရန် မျှော်လင့်သည် ထုတ်ဖော်ပြောဆိုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်နှင့်ရုရှားတို့က ဗီတိုအာဏာ အသုံး ပြုနိုင်သော အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများဖြစ်သော်လည်း မြန်မာ့အရေး အပြီး သတ် ဆုံး ဖြတ် ချက်ကို မကန့်ကွက်ကြတော့ဘဲ မဲမပေးဘဲ နေခဲ့ကြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် တရုတ်နှင့်ရုရှား၊ အိန္ဒိယတို့က မြန်မာ့အရေး ဆုံးဖြတ်ချက်အပေါ် မဲမပေးဘဲ နေခဲ့ကြပြီး ကျန်အဖွဲ့ဝင် ၁၂ နိုင်ငံက မြန်မာ့အရေး လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့ကြခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article