မုံရွာမြို့ပေါ်တွင် “စစ်အာဏာရှင် လက်အောက် မုံရွာမြို့ကို လုံး၀ အုပ်ချုပ်ခွင့် မရစေရ” ကြွေးကြော်သံဖြင့် ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် မုံရွာသပိတ်အင်အားစုက ” စစ်အာဏာရှင် လက်အောက်မှာ မုံရွာမြို့ကို လုံးဝအုပ်ချုပ်ခွင့်မရစေ”ဆိုသည့် ဘန်နာကို ကိုင်ဆောင်၍ အကြမ်းဖက် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း အာရုဏ်ဦး မီးတုတ်သပိတ်ကို ယနေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြသည်။
“အကြမ်းဖက်စစ်တပ်ဟာမတရားအာဏာသိမ်းထားတာဆိုရင်ဖြင့်နှစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။ ယနေ့အချိန်ထိ မုဒိန်းစစ်တပ်ရဲ့ လူ့အခွင့်အရေး ပိတ်ပင်မှု တွေ ၊ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီး ၊ကလေးသူငယ် တွေကို မတရားသတ်ဖြတ်၊အပြစ်မဲ့ပြည်သူတွေကို မတရားပုဒ်မတွေတပ်ပြီး ဖမ်းဆီးထောင်ချနေတာတွေကိုလည်း မိဘ ပြည်သူတို့မျက်မြင်ကိုယ်တွေ့ မြင်ရ ၊ကြားသိကြမှာပါ။ ပြည်သူတွေအနေဖြင့်လည်း ယနေ့အချိန်အထိ အကြမ်းဖက် မင်းအောင်လှိုင်ကို လုံးဝလက်မခံဘဲ ကျတဲ့နေရာကနေရရင်ရသလို တော်လှန် နေကြဆဲဖြစ်ပါတယ်။ မတရားအုပ်ချုပ်နေတဲ့မင်းအောင်လှိုင် လက်အောက်မှာ မိမိမြို့ကို ဘယ်တော့မှအုပ်ချုပ်ခွင့်ပေးမှာမဟုတ်ပါဘူး။ မိဘပြည်သူတွေ အနေ နဲ့လည်း ကိုယ်တတ် နိုင်တဲ့နေရာကနေ အာဏာရှင်ကို အမြဲ ဆန့်ကျင် နေကြ ဖို့တိုက်တွန်းချင်ပါတယ်” ဟု မုံရွာသပိတ်အင်အားစုက ပြောဆိုသည်။