30 C
Yangon

KNU တပ်မဟာ ၆ နယ်မြေရှိ ဒေါင်းမင်းတပ်ဖွဲ့ပိုင် စခန်းကို စစ်တပ်က လေ ယာဉ် ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု လူထိခိုက်မှု မရှိ သော် လည်း စခန်းပျက်စီး၊ ပြည်သူများ ကူညီကြရန် အကူအညီတောင်း

Must read

KNU တပ်မဟာ ၆ နယ်မြေရှိ ဒေါင်းမင်းတပ်ဖွဲ့ပိုင် စခန်းကို စစ်တပ်က လေ ယာဉ် ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု လူထိခိုက်မှု မရှိ သော် လည်း စခန်းပျက်စီး၊ ပြည်သူများ ကူညီကြရန် အကူအညီတောင်း

ရန်ကုန်၊ ဇန်နဝါရီ ၅

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်ရှိ ဒေါင်းမင်း တပ်ဖွဲ့ပိုင် စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် လူထိခိုက်မှုမရှိ သော်လည်း စခန်းပျက်စီးသွားသဖြင့် ပြည်သူများ ကူညီကြရန် ဒေါင်းမင်းတပ်ဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒေါင်းမင်းတပ်ဖွဲ့တည်နေရာက တောင်ပိုင်းတိုင်းစစ်ဒေသ KNU တပ်မဟာ(၆) ကော့ကရိတ်စစ်ဂွင်ကို ဒီဇင်ဘာလ နှောင်းပိုင်းတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ လုံခြုံရေးအခြေအနေကြောင့် ယခုမှ သတင်းထုတ်ပြန် ခြင်းဖြစ် ပြီး ​ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်က အထိနာသဖြင့် လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ ကြောင်း၊ ထို့ကြောင့် ဒေါင်းမင်းတပ်ဖွဲ့ပိုင် စခန်းပျက်စီးခဲ့ရကြောင်း သိရှိရသည်။

“နေ့ရောညရော လက်နက်ကြီးနဲ့ ထင်ရာပစ်တယ်။ ပထမနေ့ ည ၁၁ နာရီ တစ်ကြိမ် ၊ ၁၂ နာရီမှာတစ်ကြိမ် သင်္ကန်းညီနောင်မှာရှိတဲ့ စစ်တပ်ကုန်းကနေ Missiles တွေနဲ့ပစ်တာမှာ စခန်းကို Missile နှစ်လုံး လက်နက်ကြီးသုံးလုံး စုစုပေါင်းငါးလုံးကျတယ်။ မနက် ၂ နာရီအထိ လက်နက်ကြီးနဲ့ပစ်တယ်။ ဒုတိယရက်မှာ ည ၁၂ နာရီကနေ မနက် ၂ နာရီအထိ လေယာဉ်နဲ့နှစ်ကြိမ် ဗုံးကျဲ တယ်။ လေယာဉ်ပေါ်မှ စက်သေနတ်နဲ့ပါပစ်ခတ်တယ်။ လေယာဉ် ဗုံးကျဲချိန် တခေါက်နဲ့တခေါက်ကြား ၁ နာရီခြားတယ်။ ပေါင် ၅၀၀ ဗုံး (၄)လုံးကျဲ ချ တယ်။ လေယာဉ်ပေါ်က စက်သေနတ်နဲ့ပစ်တယ်။ သင်္ကန်းညီနောင်မှ တောက် လျှောက်လက်နက်ကြီး ပစ်ကူပေးတယ်။ စခန်းက အခိုင်အမာ ဆောက် ထားတဲ့ တဲနှစ်လုံးမှအပ အားလုံးပြိုပျက်သွားတယ်။ တပ်ဖွဲ့​ပိုင် ပစ္စည်း (၄)ပုံ(၁)ပုံစာလောက် ပျက်စီးဆုံးရှူံးတယ်။ လူထိခိုက်မှုမရှိ၊ အထိ အခိုက် မရှိ စခန်းကိုစွန့်ခွာရတယ်။ လတ်တလောတွင် နေရာပြောင်းရွှေ့၍ ယာယီ စခန်းချနေကြတယ်” ဟု ဒေါင်းမင်းတပ်ဖွဲ့မှ ခေါင်းဆောင်က ပြောသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ပစ္စည်းများထဲတွင် တပ်ဖွဲ့ အတွက် အရေးကြီးသော ဆက်သွယ်ရေးနဲ့ လုံခြုံရေးပစ္စည်းများ အမြန် ဆုံး ဝယ်ယူဖို့လိုအပ်နေကြောင်း၊ ဒေါင်းမင်းတပ်ဖွဲ့ page ၏ လူမှုကွန်ရက် စာမျက်နှာ https://www.facebook.com/KingPeacockColumn?mibextid=LQQJ4d မှတစ်ဆင့် ပြည်သူများ ကူညီနိုင် ကြောင်း ဒေါင်းမင်းတပ်ဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article