31 C
Yangon

တောင်စွန်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၉၀ ကျော်သေဆုံးပြီး PDF ၈ ဦးကျဆုံး

Must read

တောင်စွန်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၉၀ ကျော်သေဆုံးပြီး PDF ၈ ဦးကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၅

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်စွန်းတိုက်ပွဲတွင် စစ်တပ် ဘက်မှ ၉၀ ကျော်သေဆုံးပြီး PDF ၈ ဦးကျဆုံးခဲ့ကြောင်း ကော်သူလေး တပ်မ တော်၊ Lion-battalion ဗျုဟာ စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် တောင်စွန်းကျေးရွာတွင်းရှိ စစ်ကောင် စီ နှင့်BGFအင်အား ၁၉၀ ကျော် တပ်စွဲခြေကုတ်ယူထားသော် ဗျုဟာ တောက်ပို့ စခန်းကုန်းနှင့် BGF များတပ်စွဲ ထားသော် စခန်းများကို ဗိုလ် အယ်စေးဝါး ဦးဆောင်သော Lion-battalion ဗျုဟာ စစ်ကြောင်းနှင့်SOF (တောင်ပိုင်းတိုင်းစစ်ဒေသ )အထူးစစ်ဆင်ရေးအဖွဲ့နှင့် KNU/KLNA တပ်ရင်း (၁၆) ၊ AMGRYဒရုန်းတပ်ဖွဲ့ ၊S.S.D.Fဒရုန်းတပ်ဖွဲ့၊ FEDERAL MING ဒရုန်း တပ်ဖွဲ့ AIMS ဒရုန်းတပ်ဖွဲ့နှင့် A.U.R.Sမိုင်းအဖွဲများက ပူးပေါင်းတိုက်ခဲ့ ကြ ကြောင်း၊ အဆိုပါတိုက်ပွဲအတွင်း စစ်တပ်လက်အောက်ခံ BGF စခန်း ၂ ခုကို သိမ်းဆည်းနိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၉၀ ကျော်သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ကောင်စီတပ်နှင့်BGFစစ်ခွေးတွေဘက်က ကျနော်တို့ စနိုက်ပါတွေရဲ့ လက် ချက်နဲ့ ၂၃ကောင်သေဆုံးပြီး တိုက်ပွဲမှာပါ အပါအဝင်ဆိုရင် စစ်ခွေးနဲ့ BGF စုစုပေါင်း၉၀ ကျော်သေဆုံးပါတယ်။ ၄ ရက်တာအတွင်း စစ်ကောင်စီ ဘက်မှ Mi35 ၊ Y130အပေါ့စားတိုက်ခိုက်ရေးလေယာဥ်၊ SU-30 တိုက် လေ ယာဥ်တွေနဲ့ အကြိမ်ရေ ၆၀ ကျော် လေကြောင်း တိုက်ခိုက်ပါတယ်။ Lion-Battalion စစ်ကြောင်းမှစောဘုန်းအောင်(ခ)အနဲလေး စောလဲ့မူး နှင့် SOF အထူး စစ်ဆင် ရေးတပ်ဖွဲမှရဲဘော် ၆ ဦး တော်လှန်းရေးရဲဘော်စုစုပေါင်း ၈ဦး တိုင်း ပြည် နှင့်လူမျိုးအတွက်မြင့်မြတ်စွာ အသက်ပေးသွားခဲ့ပါတယ်” ဟု Lion-battalion ဗျုဟာ စစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- Lion-battalion ဗျုဟာ စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article