34 C
Yangon

ရတနာဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ် ရပ်တန့်လိုက်ရသဖြင့် ရန်ကုန်မြို့ လယ် အပါအဝင် မြို့နယ်များတွင် မီးများပြတ်တောက်နေ

Must read

ရတနာဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ် ရပ်တန့်လိုက်ရသဖြင့် ရန်ကုန်မြို့ လယ် အပါအဝင် မြို့နယ်များတွင် မီးများပြတ်တောက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ များ သို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ ပိုက် လိုင်း အရေးပေါ် ရပ်တန့်လိုက်ရသဖြင့် ရန်ကုန်မြို့လယ်ခေါင် မြို့နယ်များ အပါ အဝင် မြို့နယ် အများစုတွင် မီးများပြတ်တောက်နေကြောင်း စစ်ကောင်စီ လက် အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ပြောသည်။

ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ပြီး လျှပ်စစ်မီးများ ပြတ် တောက် နေသဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ၏ အရေးပေါ် ဖုန်းနံပါတ် များထံ ဆက်သွယ်မေးမြန်းရာ ဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ် ပြုပြင်နေရသဖြင့် ဓာတ်အားများ လျှော့နေည်းနေပြီး မီးပြတ်တောက် နေခြင်းဖြစ်ကြောင်း၊ ပြန်လာမည့် အချိန်ကိုလည်း မသိရှိဟု ပြောဆိုကြသည်။

“မီးအလှည့်ကျ ပေးနေပါတယ်။ ဂတ်စ်ပိုက်လိုင်းပြတ်လို့ ဆိုတာ ကြေညာထား ပါတယ်” ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ပြောသည်။

ရတနာဓာတ်ငွေ့ပိုက်လိုင်း Compressor များ ယနေ့ နံနက် ၃ နာရီအချိန် ခန့်တွင် အရေးပေါ် ရပ်တန့်ပြုပြင်ရပြီး ရတနာဓာတ်ငွေ့ ပို့လွှတ်မှုအရေးပေါ် ရပ်တန့်ရမှု (Totally Shut Down )ဖြစ်ပေါ်သွားပါသဖြင့် ဓာတ်အားစနစ် အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းနေလျက်ရှိကြောင်း၊ အရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ဓာတ်အား စနစ် အတွင်းသို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်နိုင်မှု လျော့နည်းလျက်ရှိပါ ကြောင်း နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျှော့နည်းနေခြင်းကြောင့် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ အချိန်ပိုင်း ဆောင်ရွက်ရမည် ဖြစ် ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် မြို့နယ်၊ နေရာ အချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါကြောင်း စစ်ကောင်စီဘက်က ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article