32 C
Yangon

လမိုင်းမြို့၊ နှစ်ကရင်ရွာရဲစခန်းကို PDF တပ်များက သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး၊ လောင်းလုံးတွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံ

Must read

လမိုင်းမြို့၊ နှစ်ကရင်ရွာရဲစခန်းကို PDF တပ်များက သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး၊ လောင်းလုံးတွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ နှစ်ကရင်ကျေးရွာရှိ နယ်မြေ ရဲစခန်းကို PDF တပ်များက ဝင် ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက်အစောပိုင်း ၁ နာရီခန့်တွင် နှစ်ကရင်နယ်မြေ ရဲစခန်းကို ရေးပြောက် ကျားတပ်ဖွဲ့က ဝင်ရောက်စီး နင်းတိုက်ခိုက်ခဲ့ရာ ရဲအားလုံးထွက်ပြေးသွားသဖြင့် ရဲစခန်းအတွင်းရှိ ပစ္စည်းများနှင့် အဆောက်အအုံများ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ ဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်၊ ကျနော်တို့ဘက်က တော့ အထိအခိုက်မရှိခဲ့ပါ ဘူး။” ဟု ရေးပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကြိုးတံတားကျေးရွာရှိ အကြမ်းဖက်စစ် ကောင်စီ၏ စခန်းအား ရေးပြောက်ကျားတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ နှစ်ဖက်အပြန် အလှန် ပစ်ခတ်ဖြစ်ခဲ့ပြီး ခမရ ၅၈၈ တပ်မှ လက်နက်ကြီးပစ်ကူမြောက်များစွာ ပစ်ခတ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီရွာတွင် ပျူစောထီးအဖွဲ့ဝင် အမျိုးသမီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် လောင်းလုံးမြို့နယ်၊ ဝေဒီရွာ၌ နေထိုင်သည့် ပျူစောထီး အမျိုးသမီး ဖြစ်သူ တင်သန်းကို ၎င်းနေအိမ်တွင် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး တင်သန်းသည် အကြမ်းဖက် စစ်တပ် အာဏာ သိမ်း အချိန်ကစ၍ စစ်တပ်၊ ပျူစောထီးများနှင့် ပူးပေါင်းပြီး နောက်ခံ ကူညီပံ့ပိုးပေးကာ CDM ဝန်ထမ်းများ၏ စာရင်း ကောက်ယူခြင်း၊ စစ်တပ်ကို ပို့ပေးခြင်း၊ မင်္ဂလာပွဲများတွက် ဆက်ကြေးတောင်းခြင်း၊ နိုင်ငံရေး လှုပ်ရှားသူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပြီး တော်လှန်ရေး အဖွဲ့အစည်းများမှ ၎င်းကို ၅ ကြိမ်ထက်မနည်း သတိပေးခဲ့သော်လည်းလိုက်နာခြင်း မရှိသောကြောင့် ရှင်းလင်းခြင်း ဖြစ်ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များက ပြောဆိုသည်။

ဓာတ်ပုံ- သေဆုံးသွားသော ပျူစောထီး တင်သန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article