29 C
Yangon

ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံး

Must read

ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကောင် စီတပ်သား များလိုက်ပါလာသော ၁၂ ဘီးကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့ ကြောင်း Who Am I –Army တပ်ဖွဲထံမှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြော ကြား သည်။

ယမန်နေ့ ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခန့်က ကျေးရွာများကို မီးရှို့ဖျက်ဆီး ရွှေဘိုမြို့သို့ ပြန်လာ သော ရွှေဘိုမြို့ စခတ ၈ မှ တပ်သားများကို ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ တစ်စီးကို ထိထိမိမိ ထိမှန်ခဲ့ပြီး ထိုးရပ်သွားကြောင်း၊ ယင်းစစ်ကားကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

“ကားထိုးရပ်ပြီးတော့ ဝင်စီးဖို့ပြင်နေချိန်မှာ တပ်ကူတွေ ရောက်လာလို့ ကပ်မရဘူးဖြစ်သွားတယ်၊ သေဆုံးစစ်ခွေးတွေနဲ့ ဒဏ်ရာရ စစ်ခွေးတွေ၊ ပစ္စည်းတွေကို လာကူတဲ့ကားနဲ့တင်သွားတာတယ်။ မနက်ပိုင်း လောက်မှ ကားနားကပ်နိုင်ခဲ့တာ၊ ကားနားကပ်နိုင်တဲ့အချိန် မီးရှို့ဖျက်ဆီးပစ်ခဲ့လိုက်တယ်၊ စစ်ခွေး သေတာ ၆ ဦးတော့အတည်ပြုလို့ရတယ်၊ နောက်ဆက်တွဲသေဆုံးမှုတွေလည်း ရှိနိုင်တယ်” ဟု Who Am I –Army တပ်ဖွဲထံမှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မိုင်းထိသွားသော ကားပေါ်မှ စစ်အခြေခံသင်တန်းကျောင်း တံဆိပ်ပါ ယူနီ ဖောင်း ၃ စုံ၊ စစ်ကျော ပိုးအိတ်တစ်လုံး၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်း ဆည်းရရှိခဲ့ကြောင်း၊ စစ်ကူရောက်လာကာ သယ်ဆောင်သွား သည့် သေဆုံးဒဏ်ရာရစစ်သားများကို ရွှေဘိုမြို့ တက္ကသိုလ်ကျောင်းပေါက်ဝတွင် ချထားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Who Am I – Army ၊ Black Wolf – Army ၊ ဒေါင်းနီတပ်ဖွဲ့၊ God Hands ၊ Burma Rangers တပ်ဖွဲ့နှင့် ရွှေဘိုခရိုင် အမှတ် ၅ တပ်ရင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article