32 C
Yangon

မုံရွာတွင် “ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ” စာသားကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးပျောက်ကြားသပိတ် ပြုလုပ်

Must read

မုံရွာတွင် ”ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ” စာသားကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးပျောက်ကြားသပိတ် ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မုံရွာမြို့ မုံရွာမုဒ်ဦးတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့၊ God Of Monywa (GPDF) အဖွဲ့နှင့် တောကျွဲကြီးပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ ”ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ” စာသားကိုကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးပျောက်ကြားသပိတ်လုပ်ဆောင်ခဲ့ကြသည်။

“စစ်ကောင်စီက တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပဖို့ပြင်ဆင်နေတာ တွေ့ရပါတယ်။ မြို့နယ် တော်တော်များများမှာ စစ်ကြောင်းတွေ ထိုးနေသလို ရွာစဉ်လိုက် မီးရှို့နေပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေသလိုပါပဲ။အတုယောင်ဟန်ပြရွေးကောက်ပွဲသာဖြစ်ပါတယ်။ပြည်သူများအနေနဲ့လည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article