34 C
Yangon

ရန်ကုန် Grand Royal အရက်စက်ရုံ မီးလောင်နေမှု ထိန်းမနိုင်သေး

Must read

ရန်ကုန် Grand Royal အရက်စက်ရုံ မီးလောင်နေမှု ထိန်းမနိုင်သေး

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ် ၄ လမ်းမကြီးပေါ်တွင် Grand Royal အရက်စက်ရုံ မီးလောင်နေမှု မှာ မီးထိန်းမနိုင်သေးကြောင်း လိပ်ပုတ်ကျေးရွာသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ခွဲအချိန်မှစတင်၍ မီးလောင်ကျွမ်းခြင်းဖြစ်ပြီး ရန်ကုန်တိုင်းတစ်တိုင်းလုံးမှ မီးသတ်ကားများ လာရောက် ငြိမ်းသတ်နေကြောင်း သိရှိရသည်။

“အခု ၅ နာရီလောက်အထိကို ငြိမ်းနေကြတုန်းပဲ။ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်ပြောတယ်။ စက်ရုံဘေးနားက အိမ်တွေကတော့ အကုန်ပြေးရတယ်။ မီးကတော့ လောင်တာ အရှိန်အဟုန်ကောင်းကောင်းနဲ့ကို လောင်နေတာ။ မီးသတ် ကားတွေက အများကြီးပဲ လာနေကြတာ” ဟု လိတ်ပုတ်ကျေးရွာသားတစ်ဦးက ဆိုသည်။

Grand Royal အရက်စက်ရုံသည် Grand Royal Group International Co,.Ltd. (GRGI) ကုမ္ပဏီက ပိုင်ဆိုင်ပြီး ကုမ္ပဏီပိုင်ရှင်မှာ ဦးအောင်မိုးကျော်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article