29.6 C
Yangon

သထုံနှင့် ဟားခါးတို့တွင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက် နေသော ရဲတပ်ဖွဲ့ ၊ အုပ်ချုပ်ရေးမှူးနှင့် စာရေးမများ ပစ်ခတ်ခံရပြီး ၃ ဦး သေ ဆုံး ၊ ရဲ ၄ ဦးဒဏ်ရာရရှိ

Must read

သထုံနှင့် ဟားခါးတို့တွင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက် နေသော ရဲတပ်ဖွဲ့ ၊ အုပ်ချုပ်ရေးမှူးနှင့် စာရေးမများ ပစ်ခတ်ခံရပြီး ၃ ဦး သေ ဆုံး ၊ ရဲ ၄ ဦးဒဏ်ရာရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မွန်ပြည်နယ်၊ သထုံမြို့နယ် နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တို့တွင် လူဦးရေနှင့်သန်းခေါင်စာရင်း လိုက်လံကောက်ယူနေသော ရဲတပ်ဖွဲ့ ၊ အုပ်ချုပ်ရေးမှူးနှင့် စာရေးမတို့ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး သွားကြောင်း ဒေသပြည်သူများနှင့် ကာကွယ်ရေး တပ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန် အိမ်ထောင်စုစာရင်းကောက်ယူနေသော တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူ စိုးသိမ်း နှင့် စာရေးမ ၁ ဦးတို့ကို သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သထုံပကဖက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“စာရေးမက ပွဲချင်းပြီးတယ်။ တောင်စွန်းရွာ ဥက္ကဌတော့ဆေးရုံရောက်မှ သေတယ်။ ၂ယောက်လုံးသေပါတယ်။ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက် ပွဲအတွက် အားတက်သရော လူဦးရေနဲ့ သန်းခေါင်စာရင်း လိုက်ကောက်နေတဲ့အချိန် ပစ်ခတ်ရှင်းလင်းခဲ့တာပါ” ဟု သထုံပကဖက ပြောသည်။

အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ဇန်န၀ါရီ ၁၃ရက်၊ နံနက် ၁၀ နာရီခန့်အချိန် စျေးဟောင်းရပ်ကွက်တွင် မဲစာရင်းလိုက်ကောက်မှုကို လုံခြုံ ရေးယူ ထားသည့် ရဲတပ်သားတစ်ဦး ပစ်သတ်ခံရပြီး သေဆုံးကြောင်း၊ အခြား ရဲ ၄ ဦးမှာ ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း ၊ လက်ရှိတွင် မြို့ကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အိမ်ထောင်စုစာရင်းကောက်ယူနေသော တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူ စိုးသိမ်း နှင့် စာရေးမ ၁ ဦးတို့ကို သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကပစ်ခတ်ရာမှ သေဆုံးသွားပြီး ကျန်ရစ်ခဲ့သည့် တံဆိပ်တုံးနှင့်ငွေများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article