38 C
Yangon

Grand Royal အရက်စက်ရုံ မီးလောင်နေမှု ဘွိုင် လာများပေါက်ကွဲသဖြင့် မီးသတ်သမားနှင့်စေတနာ့ ဝန်ထမ်း ၂၀ နီးပါး ဒဏ်ရာရ ၊ မီးလောင်မှု ၅ နာရီ ကြာသည်အထိ မီးမငြိမ်းနိုင်သေး

Must read

Grand Royal အရက်စက်ရုံ မီးလောင်နေမှု ဘွိုင် လာများပေါက်ကွဲသဖြင့် မီးသတ်သမားနှင့်စေတနာ့ ဝန်ထမ်း ၂၀ နီးပါး ဒဏ်ရာရ ၊ မီးလောင်မှု ၅ နာရီ ကြာသည်အထိ မီးမငြိမ်းနိုင်သေး

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာ အုပ်စု၊ အမှတ် ၄ လမ်းမကြီးပေါ်တွင် Grand Royal အရက်စက်ရုံ မီးလောင်နေမှု မှာ မီးထိန်းမနိုင်သေးဘဲ ဘွိုင်လာအိုးများပေါက်ကွဲသဖြင့် မီးသတ်သမားနှင့် စေတနာ့ဝန်ထမ်း ၂၀ နီးပါး ဒဏ်ရာရရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ခွဲအချိန်မှစတင်၍ မီးလောင်ကျွမ်းခြင်းဖြစ်ပြီး ရန်ကုန်တိုင်းတစ်တိုင်းလုံးမှ မီးသတ်ကားများ လာရောက် ငြိမ်းသတ်နေကြောင်း သိရှိရသည်။

“မီးလောင်နေရင်းနဲ့ ထပေါက်ကွဲတာ။ ဘွိုင်လာအိုးတွေ ပေါက်တာထင်တယ်။ အဲဒါ မီးဟတ်ခံရတာ၊ မီးလောင်ခံရတာ ၁၇ ဦးနဲ့ ၂၀ ကြားလောက်ရှိတယ်။ အခု ည ၇ ခွဲကျော်လာပြီး မီးတောက်က မကျိုးသေးဘူး။ ၅ နာရီနီးပါးလောက်ရှိလာပြီ။ ဘေးပတ်ဝန်းကျင် တွေအကုန်လုံးကတော့ ပြေးနေရပြီ” ဟု အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Grand Royal အရက်စက်ရုံသည် Grand Royal Group International Co,.Ltd. (GRGI) ကုမ္ပဏီက ပိုင်ဆိုင်ပြီး ကုမ္ပဏီပိုင်ရှင်မှာ ဦးအောင်မိုးကျော်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article