32 C
Yangon

ကန့်ဘလူမြို့နယ်၊ ညောင်ကုန်ကျေးးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ကန့်ဘလူမြို့နယ်၊ ညောင်ကုန်ကျေးးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ကုန်းရွာကို အကြမ်းဖက်စစ်တပ်က ဇန်န ဝါရီလ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် စစ် ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့် အချိန် ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာသော အင်အား ၁၀၀ ခန့်ပါ ခမရ ၃၆၈ ခြေမြန်တပ်ရင်းမှ တပ်သားများနှင့် ပျူစောထီးများသည် ပြောင်ဒိုးတော ထဲရှိ တဲတိုက်များကို မီးရှို့ဖျက်ဆီးကာ ညောင်ကုန်းရွာအရှေ့ဘက်မှ ဝင်ရောက် မီးရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဝင်ရောက်ပြီး ညနေ ၃ နာရီ မိနစ် ၅၀ ခန့်တွင် ညောင်ကုန်းရွာအား စတင်မီးရှို့ခဲ့ကြောင်း၊ အကြမ်း ဖက်စစ်တပ်ဝင်ရောက် လာမှုကြောင့် ညောင်ကုန်း၊ ပလူသာ၊ တောင်ယာဆိပ်၊ အောင်ရန်ကင်း၊ မြင်သာ ဦး၊ သရက်တော၊ မကျီးကုန်း၊ ပင့်သာ(တည်ပင်)၊ ချောင်းကြား၊ ဖလားရ၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာ ပင်စု နှင့် မြဘုံသာ စုစုပေါင်းရွာ ၁၄ ရွာမှ ပြည်သူထောင်နှင့်ချီမှာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကန့်ဘလူမြို့ နယ်၊ ဗျူဟာလမ်းပိုင်းရှိ လွှဲဆိပ်၊ လက်ခုပ်ကုန်း နှင့် ဂါးဂလော်ရွာတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၄ ဦးအား ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့် အမျိုးသမီး ၂ ဦးမှာလည်း ယနေ့အချိန်အထိ ပျောက်ဆုံးနေ ကြောင်း သိရသည်။

အလားတူ ယခု ဇန်နဝါရီလ အစောပိုင်းတွင်လည်း ကျွန်းလှမြို့နယ် အတွင်းရှိ ထန်းပင်ကုန်းရွာနှင့် ကြာတကန်ရွာမှ ပြည်သူပိုင်နေအိမ်များနှင့် တောထဲရှိ တဲတိုက်များကို မီးရှို့ဖျက်ဆီးကာ ကြာတကန် ရွာမှ အပြစ်မဲ့ပြည်သူ ၂ ဦး၊ ပင့်သာ (တည်ပင်)ရွာမှ အပြစ်မဲ့ပြည်သူ ညီအစ်ကိုအရင်း ၂ ဦး နှင့် ရှမ်းကုန်း ရွာမှ အပြစ်မဲ့ပြည်သူ ၁ ဦး၊ စုစုပေါင်း ၅ ဦးကို ရက်ရက်စက်စက် ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article