29 C
Yangon

လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူမှု ရွေးကောက်ပွဲ တစ်ခုတည်းအတွက် မဟုတ်ဘဲ PDF များကို ဖော်ထုတ်ရန်နှင့် သတင်းရယူစုဆောင်းရေးအတွက်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ညွှန်ကြား

Must read

လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူမှု ရွေးကောက်ပွဲ တစ်ခုတည်းအတွက် မဟုတ်ဘဲ PDF များကို ဖော်ထုတ်ရန်နှင့် သတင်းရယူစုဆောင်းရေးအတွက်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ညွှန်ကြား

ရန်ကုန်၊ ဇန်ဝါရီ ၁၅

အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ လူဦးရေနှင့်သန်းခေါင်းစာရင်းများ ကောက်ယူနေရာတွင် ယင်းကောက်မှုသည် ရွေးကောက်ပွဲ အတွက် တစ်ခုတည်းမဟုတ်ဘဲ PDF များကို ဖော်ထုတ်ရန်နှင့် သတင်းရယူစုဆောင်းရန်ဟု ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ပြောဆိုညွှန်ကြားခဲ့သည်။

နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရိန္နမာ ခန်းမတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ လျှို့ဝှက်ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ အစည်း အဝေး အမှတ် ၁ / ၂၀၂၂ တွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ထိုသို့ ပြောဆိုညွှန်ကြားခဲ့ခြင်းဖြစ်သည်။

“လူဦးရေစာရင်းများ ကောက်ယူရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း လိုက်ပါရမည်ဖြစ်ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ကိုယ်တိုင် စစ်ဆေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တပ်ဖွဲ့အမျိုးမျိုးရှိကြောင်း၊ အားလုံးကို တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များက ကွပ်ကဲမှု ရယူပြီး ချက်ချင်း စီမံခန့်ခွဲနိုင်ရမည်ဖြစ်ကြောင်း၊ အလိုရှိနေသူများ၏ ပုံများကို သက်ဆိုင်ရာနေရာများသို့ ပေးပို့ထားရန် လိုအပ်ကြောင်း” ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ပြောဆိုခဲ့သည်။

ထပ်မံ၍ စိုးထွဋ်က လူဦးရေ စာရင်းကောက်ယူမှုများနှင့်ပတ်သက်၍ စာဖြင့် ညွှန်ကြားရာတွင် “ရွေးကောက်ပွဲနှင့်ပတ်သက်၍ လူဦးရေ ၊ မဲစာရင်း၊ တစ်အိမ်တက်ဆင်း စစ်ဆေးမှုများတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အကြမ်းဖက်သမားများကို စုံစမ်းဖော်ထုတ်သည့် ရဲလုပ်ငန်းစဉ်များကိုပါ တစ်ပါတည်း ဆောင်ရွက်နိုင်ရေး စံလုပ်ငန်းတစ်ရပ် ရေးဆွဲ သတ်မှတ် ဆောင်ရွက်ရန်” ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article