30 C
Yangon

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့တွင် CDM ဝန်ထမ်းများရှိလျှင် အကြောင်းကြားရန် နှင့် ဥပဒေအရ အရေးယူမည်ဟု စစ်တပ်က လျှို့ဝှက် ညွှန်ကြားစာထုတ်

Must read

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့တွင် CDM ဝန်ထမ်းများရှိလျှင် အကြောင်းကြားရန် နှင့် ဥပဒေအရ အရေးယူမည်ဟု စစ်တပ်က လျှို့ဝှက် ညွှန်ကြားစာထုတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့တွင် CDM ဝန်ထမ်းများရှိလျှင် အကြောင်းကြားရန် နှင့် ဥပဒေအရ အရေးယူမည်ဟု စစ်တပ်က လျှို့ဝှက်စာထုတ်ပြန်ထားကြောင်း သိရှိရသည်။

အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်မှ တပ်ရင်းမှူးက CDM ဝန်ထမ်းများ မြို့/ရွာများတွင် ပြန်လည် နေထိုင်နေကြောင်း သိရှိရသဖြင့် CDM ပြုလုပ်ခဲ့သည့် ဝန်ထမ်းများ အမည်စာရင်း ပြုစုပြီး အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်ကို ပေးပို့ရန်နှင့် ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း စာထုတ်ပြန်လာခြင်းဖြစ်သည်။

ထိုသို့ စစ်တပ်က စာထုတ်ပြန်လာခြင်းမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ နေပြည်တော်တွင် ကျင်းပခဲ့သော အကြမ်းဖက်စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး တွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်၏ ညွှန်ကြားချက်အရ ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ပိတ်ပင်မှုများကြောင့် ပြည်တွင်းတွင် အလုပ်မရှိ၊ ပြည်ပထွက်ခွင့်ပိတ်ပင်ခံထားရသော CDM ဝန်ထမ်းများသည် စစ်တပ််အတွက် အန္တရာယ်ရှိ၍ ပစ်မှတ်ထားစောင့်ကြည့်ရန် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က အမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်။

“CDM လုပ်သူများ Black List ရေးသွင်းထားသည့်အတွက် ပြည်ပသို့ထွက်ခွင့်မရတော့ဘဲ လေဆိပ်တွင် တားဆီးမှုများ ရာနှင့်ချီ၍ ရှိလာကြောင်း၊ ထိုသို့ တားဆီးခံရသူများသည် စစ်ကောင်စီအပေါ် မကျေနပ် သည့်အဖွဲ့များဖြစ်လာနိုင်ကြောင်း၊ ပြည်တွင်းတွင်လည်း အလုပ်မရှိ ၊ ပြည်ပသို့လည်း သွားမရခြင်းတို့ကြောင့် ထိုလူအုပ်စု၏ အန္တရာယ်သည် ကြီးမားလာနိုင်ကြောင်း၊ ထို CDM များကို ပြည်နယ်/တိုင်းရဲတပ်ဖွဲ့မှူးများက စောင့်ကြည့်ပစ်မှတ်အနေဖြင့် သေချာစွာ စောင့်ကြည့်သွားရန် လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ပြောသည်။

လက်ရှိတွင် ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ဝန်ကြီးဌာနများတွင် CDM စာရင်းများ ကောက်ယူခြင်း၊ CDM လုပ်ထားရမှ ပြန်ဝင်လာသော Non-CDM စာရင်းများ ကောက်ယူခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြောင်း သိရှိရသည်။

“အခု ဝန်ကြီးဌာနတွေမှာ ဌာနအလိုက် CDM လုပ်သွားသူတွေရဲ့ ကိုယ်ရေးအကျဉ်းနဲ့စာရင်းတွေ ပြန်တောင်းတယ်။ နောက်ပြီး CDM လုပ်ပြီးမှ ပြန်အလုပ်ဝင်တဲ့ Non-CDM စာရင်းတွေလည်းတောင်းနေတယ်။အရေးပေါ် တောင်းနေတာ” ဟု နေပြည်တော် ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်က ရရှိထား‌‌သော လျှို့ဝှက် ညွှန်ကြားစာတွင် ဝန်ကြီးဌာနများတွင် CDM လုပ်သွားသူများ၊ CDM လုပ်ပြီးမှ ပြန်လည် ဝင်ရောက်လာသူ Non-CDM များ၏ စာရင်းနှင့်ကိုယ်ရေးအကျဉ်းများကို အရေးပေါ် ဇန်နဝါရီလ ၂၀ ရက်နေ့ ပေးပို့ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်ကို ဖတ်ရှုရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article