စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို မှန်ကန်သော နည်းဗျူဟာ ဖြင့် ဆန့်ကျင်ရန် နှင့် စစ်ကောင်စီကို အပြီးသတ် ချေမှုန်းရေး ပထမဦးစားပေး ဆောင်ရွက်ရန် ယာယီသမ္မတ ဒူဝါလရှီးလ ညွှန်ကြား
ရန်ကုန်၊ ဇန်နဝါရီ ၁၇
အကြမ်းဖက်စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ရာ တွင် သက်ဆိုင်ရာ ခေါင်း ဆောင်များအနေဖြင့် မဟာဗျူဟာအရ မှန်ကန်သော် လည်း နည်းဗျူဟာမှန်မှန်ကန်ကန်ဖြစ်ရန် သတိပြု ကြဖို့လိုကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြား သည်။
ယနေ့ ဇန်နဝါရီလ ၁၇ ရက် နေတွင် ကျင်းပသော အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ၃ / ၂၀၂၃ အစိုးရ အဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အထူးတလည် ပြောကြားချင်တာကတော့ NUG အစိုးရအနေနဲ့ စစ် ကောင်စီကို ချေမှုန်းပစ်ရေးဟာ ပထမဦးစားပေးဖြစ်သလို၊ ပြည် သူ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက်ရေး ဟာ လည်း ပထမဦးစားပေးဖြစ်တယ်ဆိုတာကို သတိပြုကြဖို့ပဲ ဖြစ်ပါ တယ်။ ဒါဟာ NUG အစိုးရအနေနဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ကိုင်တာ မဟုတ်ပါဘူး။ NUG အစိုးရရဲ့ ဖြစ် တည်မှုကိုယ်၌က ပြည်သူလူထုရဲ့ အကျိုးစီးပွားအပေါ်မှာ အခြေခံပြီး နွေဦးတော်လှန်ရေးကို ဦးဆောင် နေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ညာဘက်လက်နဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမူကို ကိုင်ဆွဲပြီး ဘယ်ဘက် လက်နဲ့ လူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးမူကို ကိုင်ဆွဲသင့်တယ်လို့ ယူဆပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလ ဆက်လက်ပြောကြားသည်။
NUG အစိုးရအနေဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်ချေမှုးနိုင်ရန် ဆင်နွှဲတိုက်ပွဲ ဝင်နေ သလို ပျက်စီး ယိုယွင်းသွားသည့် လူမှုအခြေအနေကို လူထုအတွက် ပြန် လည်တည့်မတ်ဖို့လိုကြောင်း၊ လက်ရှိ နိုင်ငံ အတွင်းက အခြေအနေကို ခြုံငုံသုံး သပ်ကြည့်ပါက စစ်ဘေးဒုက္ခကြုံနေရသူ အမြောက်အများရှိသလို နေစဉ် နေ့တိုင်း သောက်စားပျော်ပါးနေကြသည့် အုပ်စုလည်းအမြောက်အများ ရှိ ကြောင်း ၎င်းက ဆက် လက် ပြောကြားသည်။
ထိုသို့ပြောဆိုနေခြင်းမှာ ဒုက္ခရောက်နေသည့် ပြည်သူလူထုကို ကရုဏာသက်ပြီး အခြားတဖက်ကို အပြစ် တင်နေတာမဟုတ်ပဲ ပဋိပက္ခဒဏ် ကြာညောင်းလာ သည်နှင့် အမျှလူတန်းစားကွာဟလာသည့် အချင်းအရာ ကို ထောက်ပြခြင်း ဖြစ် ကြောင်း၊ တော်လှန်ဆင်နွှဲနေသူတွေရှိသလို တဖက်တွင်လည်း ဘဝ ရှင်သန်ရပ် တည်ရေးအတွက် ရုန်းကန်နေကြသူများလည်းရှိကြောင်း သတိပေးထားသည်။
နွေဦးတော်လှန်ရေး ၂ နှစ်တာကာလ အထိ နေ့စဉ် မပြတ် ခုခံတော်လှန် နေကြ သည့် ပြည်သူလူထု၏ စိတ်ဇောနှင့် စိတ်ဓာတ်ပြင်းပြမှုကို တွေးမိတိုင်း ဦးညွှတ်မိကြောင်း၊ တကယ် လက်တွေ့ ကာယကံ မြောက် လုပ်နိုင်ရန် မလွယ် ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် သေမထူး နေမထူး အခြေအနေများသို့ ပြည်သူလူထုအမြောက်အများ ရောက်ရှိနေရ ကြောင်း ယာယီ သမ္မတဒူဝါလရှီလက ပြောဆိုသည်။
