တနင်္သာရီမြို့နယ်ရှိ NUG အစိုးရ ထိန်းချုပ် နယ်မြေအတွင်း ဘောလုံးပြိုင်ပွဲ ကျင်းပ
ရန်ကုန်၊ ဇန်နဝါရီ ၁၈
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ NUG အစိုးရ ထိန်းချုပ်နယ်မြေအတွင်း ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ဘောလုံးပြိုင်ပွဲကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းသည် ခုခံတွန်းလှန်စစ် အားကောင်းသော ဒေသတစ်ခုဖြစ်ပြီး အာဏာသိမ်း အကြမ်းဖက် စစ်တပ်ကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေသော ဒေသတစ်ခုဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။