35 C
Yangon

မြောင်၊ ကျောက်ရစ်စခန်းတွင် စုဝေးနေသော စစ်အုပ်စုကို ၄၀ မမဖြင့် တိုက်ခိုက်မှု ၇ ဦးဒဏ်ရာရ၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာရဲစခန်းကို ယနေ့ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်

Must read

မြောင်၊ ကျောက်ရစ်စခန်းတွင် စုဝေးနေသော စစ်အုပ်စုကို ၄၀ မမဖြင့် တိုက်ခိုက်မှု ၇ ဦးဒဏ်ရာရ၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာရဲစခန်းကို ယနေ့ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းတွင် စုဝေးနေသော အကြမ်းဖက်စစ်အုပ်စုကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း Myaung Special People’s Defense Force –MSPDF ထံမှ သိရသည်။

ယမနနေ့ ဇန်နဝါရီလ ၁၇ ရက် နေ့လည် ၁ နာရီဝန်းကျင်က ကျောက်ရစ်စခန်းအရှေ့ဘက်မှ ကျေးရွာ များကို စစ်ကြောင်းထိုးကာ ပြန်ဝင်လာပြီး ဝိုင်းဖွဲ့အစည်းအဝေးလုပ်နေသော အကြမ်းဖက်စစ်သားများ ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၄၀ မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးဒဏ်ရာရှိပြီး တစ်ဦးမှာ ပြင်းထန်ပြီး စိုးရိမ်ရတဲ့အခြေအနေအထိ ဆိုးဝါးနေကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် ၄ (Myaung Special People’s Defense Force –MSPDF) ၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၁ ၊ 27 Revolution Force ၊ မြောင်မြို့နယ် ကျေးရွာတပ်ပေါင်းစု တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရှုးကျေးရွာ ရဲစခန်းကို ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“မနက်အစောကြီး ဝင်တိုက်တာ။ အပြန်အလှန် ပစ်ခတ်တာတွေ တချိန်းချိန်းပဲ သေနတ်သံတွေကြားရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ထင်းရှုးကျေးရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် ရွာအတွင်း ကျရောက်ခဲ့သော လက်နက်ကြီးကျည်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article