29.6 C
Yangon

ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က သေဆုံးသူ များပြားကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က သေဆုံးသူ များပြားကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အရာရှိ ၃ ဦးအပါအဝင် စစ်သား ၄၀ ဦးသေဆုံးကြောင်း Bago Region PDF အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၆ နာရီခန့်တွင် အင်အား ၁၀၀ ဝန်းကျင်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နဂျပ် တောင်ဘက်သို့ ထွက်ခွာလာစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၂ ဦးထက်မနည်း သေဆုံးကာ ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နဂျပ် အရှေ့မြောက်ဘက် ဝက်ပုပ်လမ်းအတက်သို့ ထပ်မံ စစ်ကြောင်းထိုးလာစဥ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး မိနစ် ၂၀ ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နံနက် ၁၀ နာရီဝန်းကျင်၌ နဂျပ် အရှေ့မြောက်ဘက် ဝက်ပုပ်လမ်းပိုင်းသို့ အင်အား ၁၅၀ ကျော်ခန့်ဖြင့် တက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၁၂ နာရီခန့်တွင် နဂျပ်-ကွင်းချောင်းလမ်းပိုင်း ကျောက်ပုံကုန်း၌ အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ အချိန် ၁ နာရီကျော်ကြာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများကို PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ (တပ်စု ၂ နှင့် တပ်စု ၃ )နှင့် မဟာမိတ် တပ်ပေါင်းစုများက ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၃ ကြိမ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် ၄၀ ဦး သေဆုံးခဲ့​ကာ PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း၊ ထိခိုက် သေဆုံးသွားသော စစ်သားများကို ယနေ့အထိ ကားများဖြင့် သယ်ထုတ်နေကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ကင်းလှည့်နေသော အကြမ်းဖက်စစ် သား ၇ ဦးမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးကာ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၉ တပ်ခွဲ ၃ ထံမှ သိရသည်။

ဇန်နဝါရီလ ၁၆ ရက် ည ၁၂ နာရီခန့်က မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာတွင် မုံရွာခရိုင် တပ်ရင်း ၉ တပ်ခွဲ ၃ ၊ မုံရွာခရိုင် တပ်ရင်း ၁၂ ၊ Chaung U Local Defence Force ၊ ချောင်းဦးမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့၊ ဇေယျာတိုင်း PDF တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Photo – ရေတာရှည် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ သိမ်းဆည်းရမိသော ပစ္စည်းများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article