37 C
Yangon

စစ်သား နှင့် ရဲများ၏ ဇနီးများသာမက အသက် ၁၀ နှစ်အထက်ရှိသော သား သမီး များပါ အခြေခံ စစ်ပညာ မသင်မနေရ သင်ကြားရမည်ဟု စစ်ကောင်စီက ညွှန်ကြားစာထုတ်ပြန်၊ စစ်တပ် နှင့် ရဲတပ်ဖွဲ့မှ မိဘများက ကလေး စစ်သား အဖြစ် အသုံးပြုခံရမည်ကို စိုးရိမ်

Must read

စစ်သား နှင့် ရဲများ၏ ဇနီးများသာမက အသက် ၁၀ နှစ်အထက်ရှိသော သား သမီး များပါ အခြေခံ စစ်ပညာ မသင်မနေရ သင်ကြားရမည်ဟု စစ်ကောင်စီက ညွှန်ကြားစာထုတ်ပြန်၊ စစ်တပ် နှင့် ရဲတပ်ဖွဲ့မှ မိဘများက ကလေး စစ်သား အဖြစ် အသုံးပြုခံရမည်ကို စိုးရိမ်

ရန်ကုန်၊ ဇန်နဝါရီ ၂၁

စစ်သား နှင့်ရဲများ၏ မိန်းမများသာမက အသက် ၁၀ နှစ် အထက် ရှိ သော သားသမီးများ အခြေခံ စစ်ပညာ သင်ကြားရမည်ဟု စစ်ကောင်စီ က ညွှန် ကြားချက် ထုတ်ပြန်လိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ပုံမှန်အားဖြင့် စစ်တပ်နှင့်ရဲများ၏ မိန်းမများကို စစ်သင်တန်းများ မဖြစ်မနေ တက် ရမည်ဟု အမိန့်ထုတ်ပြီး စစ်ပညာသင်ကြားခိုင်းကြောင်း၊ မိန်းမများကို စစ်တပ်အရန် အင်အားအဖြစ် သတ်မှတ်ပြီး စစ်ပညာမဖြစ်မနေ သင်ယူခိုင်း ကြောင်း၊ ယခုအခါတွင်မူ အသက် ၁၀ နှစ်အထက် ရှိသော စစ်သား၊ ရဲများ၏ သားသမီးများကိုပါ အခြေခံ စစ်ပညာသင်ကြားထားရမည်ဟု ညွှန်ကြားစာ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရှိသည်။

လာမည့် နွေရာသီကျောင်းပိတ်ချိန်များတွင် စစ်တပ်နှင့်ရဲများ၏ အသက် ၁၀ နှစ်အထက်ရှိသော သား၊ သမီးမှန်သမျှ အခြေခံ စစ်ပညာ များ သင်ကြားရန် ညွှန်ကြားစာထုတ်ပြန်လာခြင်းဖြစ်ပြီး ယင်းသို့ သားသမီးများကို စစ်ပညာ သင် ခိုင်းသည့်အပေါ် စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ မိဘအသိုင်းအဝိုင်းများက မကြိုက် နှစ် သက် ကြဘဲ ၎င်းတို့၏ သားသမီးများကို ကလေးစစ်သားအဖြစ် အသုံးပြုခံရ မည်ကို စိုး ရိမ် နေကြကြောင်း သိရှိရသည်။

နိုင်ငံတကာဥပဒေများအရ အသက် ၁၈ နှစ်အောက် ကလေးငယ်များကို စစ် သား အဖြစ် အသုံးပြုခြင်း၊ စစ်ပညာသင်ကြားစေယူခြင်းမှာ လူ့အခွင့် အရေး ချိုးဖောက်မှု ဖြစ်သည့်အပြင် အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC က စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က အသုံးပြုနေသော ကလေးစစ်သား ၁ ဦး။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article