34 C
Yangon

RCSS ဥက္ကဌ ရွတ်ဆစ်နှင့် စစ်တပ် ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် SSA/SSPP ဌာနချုပ်အပေါ် တိုက်လေယာဉ် အနိမ့်ပျံ သန်းကာ ခြိမ်းခြောက်

Must read

RCSS ဥက္ကဌ ရွတ်ဆစ်နှင့် စစ်တပ် ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် SSA/SSPP ဌာနချုပ်အပေါ် တိုက်လေယာဉ် အနိမ့်ပျံ သန်းကာ ခြိမ်းခြောက်

ရန်ကုန်၊ ဇန်နဝါရီ ၂၄

အကြမ်းဖက်စစ်ကောင်စီနှင့် RCSS ဥက္ကဌရွတ်ဆစ်နှင့် ငြိမ်း ချမ်းရေး ဆွေးနွေး နေစဉ် ရှမ်းပြည် နယ်တိုးတက်ရေးပါတီ SSA/SSPP ဌာနချုပ် ရှိရာ ဝမ်ဟိုင်းမြို့ အပေါ်သို့ တိုက်လေယာဉ် အနိမ့်ပျံ သန်းကာ ခြိမ်းခြောက်ခဲ့ကြောင်း SSPP/SSA က ထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီလ ၂၄ ရက် နေ့လည် ၁၁ နာရီမိနစ် ၅၀ တွင် အကြမ်းဖက် စစ်ကောင်စီတပ်u ဝမ်ဟိုင်းမြို့ ပေါ်သို့ YAK -130 အမျိုးအစား ဂျက်တိုက် လေယာဉ်ဖြင့် အနိမ့်ရှပ်ပျံသန်းခဲ့ကြောင်း၊ ထိုသို့ အကြောင်းမ ကြားဘဲ အနိမ့် ရှပ်ပျံသန်းမှုပြုလုပ်ခြင်းသည် SSPP/SSA အပေါ် ရန်စ စော်ကားသည့် လုပ်ရပ်သာဖြစ်သည် ဟု ယူဆနိုင်သည့်အတွက် နောက်တစ်ကြိမ် ယခုကဲ့သို့ အကြောင်းကြားခြင်းမရှိပဲ ပျံသန်းခြင်းများ၊ လေ့ ကျင့်ခြင်းများ ထပ်မံပြုလုပ် ပါက အကြမ်းဖက်စစ်တပ်တာဝန်သာဖြစ်ကြောင်း SSPP/SSA က အသိပေး ထားသည်။

ထိုသို့ပျံသန်းမှုကိစ္စနှင့်ပတ်သက်၍ SSPP/SSA ဗဟိုလူကြီးများက သိရှိလို ကြောင်း မေးမြန်းသဖြင့် ရှမ်းပြည် နယ်တိုးတက်ရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက တပ်မတော်ငြိမ်းချမ်းရေးညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်ထံ ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ် ဖြစ်နေသည့် အချိန်သည် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ စဝ်ယွတ်ဆစ်နှင့် ဆွေး နွေးပွဲ လုပ်ဆောင်နေသည့်အတွက် ၎င်းကိုယ်တိုင်မသိရသေးကြောင်း၊ သိရှိရပါက အကြောင်းပြန် ကြား ပေးမည်ဟု ဖြေကြားခဲ့ကြောင်း SSPP ကထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article