32 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ခုခံတော်လှန်စစ်ကို ယခုထက်အောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင်ရမှာဖြစ်သလို အဆုံးသတ် အပြုတ်တိုက်ပွဲ အတွက်ကိုလည်း လိုအပ်တာတွေကို အစစအရာရာ စနစ်တကျ ပြင်ဆက်ထားကြရ မယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူးဝါးလရှီးလကနေ ပြောလိုက်ပါတယ်။

-ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ဘက်ကို စစ်ကူ လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဗိုလ်အယ်ဆေးဝါး ဦးဆောင်တဲ့ Lion Battalion Commando စစ်ကြောင်းနဲ့အတူ မဟာမိတ်တပ်တွေကနေ ပူးပေါင်း တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၃ ဦးသေပြီး စက်သေနတ် ၁ လက်ပါ သိမ်းဆည်း ရမိထားတယ်လို့ သိရပါတယ်။

-မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာရှိတဲ့ မြို့မရဲစခန်းအနီးမှာ ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂ ဦး သေသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article