34 C
Yangon

ပခုက္ကူမြို့ပေါ်ရှိ လဝကရုံးကို ဗုံးပစ်ခွဲတိုက်ခိုက်မှု ရဲနှင့် ပျူစောထီး ၇ ဦး ဒဏ် ရာရ၊ မြင်းခြံတွင် ရွေးကောက်ပွဲအတွက် လူဦးရေနှင့် သန်းခေါင်း စာရင်း ကောက် ပြီး ပြန်လာသည့် စစ်ယာဉ်တန်းမိုင်းဆွဲခံရပြီး စစ်သား ၃ ဦးသေဆုံး

Must read

ပခုက္ကူမြို့ပေါ်ရှိ လဝကရုံးကို ဗုံးပစ်ခွဲတိုက်ခိုက်မှု ရဲနှင့် ပျူစောထီး ၇ ဦး ဒဏ် ရာရ၊ မြင်းခြံတွင် ရွေးကောက်ပွဲအတွက် လူဦးရေနှင့် သန်းခေါင်း စာရင်း ကောက် ပြီး ပြန်လာသည့် စစ်ယာဉ်တန်းမိုင်းဆွဲခံရပြီး စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၇

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ လဝကရုံးကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ ရာ ရုံးစောင့် ရဲနှင့် ပျူစော ထီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း Pakokku Underground Force ထံမှ သိရသည်။

ဇန်နဝါရီလ ၂၆ ရက် ညနေ ၄ နာရီ ၁၂ မိနစ်ခန့်က အကြမ်းဖက်စစ်ကောင်စီမှ တရားမဝင် ရွေးကောက်ပွဲ ကျင်းပရန် လုပ်ဆောင်နေသေည်ကို လက်မခံသဖြင့် “လက်တုန့်ပြန်စစ်ဆင်ရေးအဖြစ်” လက်ပြစ်ဗုံးဖြင့် ပစ်သွင်းဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက်ပါးစေများအပါအဝင် ရဲ၊ ပျူစောထီး ၇ ဦးခန့် အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အသံက အတော်ကျယ်တယ်၊ အုန်းဆိုတဲ့ အသံကြီးက အိမ်တွေပါ တုန်သွား တာ ပဲ၊ ညီမတို့ရပ်ကွက်နဲ့နီးတယ်။ တစ်ယောက် သေ တယ် လို့တော့ကြား တယ်၊ စစ်ခွေးတွေက တစ်မြို့လုံးကို ပိတ်လိုက်ပြီး စစ်ဆေး တာ တွေလုပ် ခဲ့တယ်” ဟု ပခုက္ကူမြို့မှ ပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်ဖောက်ခွဲတိုက်ခိုက်မှုကို Pakokku Underground Force တပ်ဖွဲ့က တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရသာကျေးတွင် တရားမဝင် ရွေး ကောက် ပွဲ အတွက် စာရင်းကောက်ပြီး ပြန်လာသော အကြမ်း ဖက် စစ် ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် ညနေ ၄ နာရီခွဲခန့်က နဘူအိုင်ရွာမှ ဆိုင်ကယ် ၇ စီး ကားလေ ၂ စီးဖြင့် ရသာကျေးရွာသို့ တရားမဝင်ရွေးကောက်ပွဲအတွက် အိမ် ထောင် စုများ လိုက်လံကောက်ယူပြီး နဘူးအိုင် ရွာသို့ ပြန်လာသော အကြမ်း ဖက် စစ်သားများကို ဖက်ရင်းကျေးရွာနှင့် လေးအိမ်တန်း ကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေ ဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

“သတင်းပေးတဲ့အချိန်မှာ နီးကပ်နေလို့ အများကြီးပြင်ဆင်ချိန်မရခဲ့ဖူး၊ အဲဒါ ကြောင့် သူ့တို့လာမဲ့ လမ်း ဘေးခြုံပုတ်ထဲထားပြီး ခွဲခဲ့တာ၊ ခွေးသေကောင် တွေကို ပါလာတဲ့ ကားနှစ်စီးပေါ်တင်သွားတယ်၊ ခါတိုင်း ဆို အဲကောင်တွေက နာရေးကူညီမှု အသင်းကားတွေနဲ့ သွားလာလေ့ရှိတယ်၊ ပြည်သူတွေ ဖမ်းဆီး သွား တာမျိုးတော့မရှိဘူး၊ ဖက်ရင်းရွာမှာ အရင်ကတည်းက ချိတ်ပိတ်ထား တဲ့အိမ်တွေထဲက ပစ္စည်းအချို့ကို ယူသွားတယ်သတင်းရတယ်” ဟု ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ရွှေခြံသားပြောက်ကျားတပ်ဖွဲ့မှ မိုင်း ၆ လုံးအသုံး ပြုကာ ဖောက်ခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် နဘူးအိုင်ကျေးရွာတွင် တပ်စွဲထားပြီး အနီးအနားတဝိုက်ရှိကျေးရွာများကို တရား မဝင်ရွေးကောက်ပွဲကျင်းပနိုင်ရန် စာရင်းကောက်ခြင်း၊ ဆက် ကြေး ကောက် ခြင်းတို့ လုပ်ဆောင် လေ့ရှိကြောင်း သိရသည်။

ဓာတ်ပုံ- ပခုက္ကူမြို့နယ် လ၀ကရုံး။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article