35 C
Yangon

တနင်္သာရီတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က သေဆုံးမှုများပြားကာ PDF ရဲဘော် ၃ ဦးကျဆုံး

Must read

တနင်္သာရီတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က သေဆုံးမှုများပြားကာ PDF ရဲဘော် ၃ ဦးကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၇

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃၀ ဦး သေဆုံးကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၄ နာရီခန့်တွင် မြိတ်မှတနင်္သာရီသို့ တက်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ ကား ၁ စီး ပျက်ဆီးကာ ပြည်သူ့ကာကွယ်‌ရေး တပ်မ‌တော် မြိတ်ခရိုင် တပ်ရင်း ၂ တပ်ခွဲ ၂ ၊ မြိတ်(ပကဖ) ၊ တနင်္သာရီ (ပကဖ) တို့ပူးပေါင်းအဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ည ၁၀ နာရီ ခန့်တွင် ယင်းယာဥ်တန်းကို ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တနင်္သာရီ တံတား ရဲကင်းဂိတ်၊ ဗောဓိကမ်းတံတားထိပ်နှင့် လဝကရုံးတို့ကို ပြည်သူ့ကာကွယ်‌ တပ်မ‌တော် မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ ၊ မြိတ်(ပကဖ) ၊ တနင်္သာရီမြို့နယ် (ပကဖ)နှင့် တောကြီးမြွေဟောက်(King Bar Force) တို့ ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင်လည်း တိုက်ပွဲထပ်မံဖြစ်ပွားပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက တနင်္သာရီ တံတား ရဲကင်းဂိတ်၊ ဗောဓိကမ်းတံတားထိပ်နှင့် လဝကရုံးတို့ကို ဒရုန်းဖြင့် ထပ်မံ ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၃ ရက်တာ ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၅ ရက်နေ့ တိုက်ပွဲတွင် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ ရဲဘော် ၂ ဦး၊တနင်္သာရီ (ပကဖ) အဖွဲ့မှ ရဲဘော် ၁ ဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article