မန္တလေးတွင် တော်လှန်ရေး ၂ နှစ်ပြည့် Silent Strike ပြည်သူအားလုံး ပါဝင်ရေး မန္တလေး သပိတ် အင်အားစုများ ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၂၈
မန္တလေး သပိတ် အင်အားစုများက ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် “တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ တိတ်ဆိတ် သပိတ်နဲ့သက်သေ” စာတန်း ကိုင်ဆောင်ကာ တော်လှန်ရေး ၂ နှစ်ပြည့်တွင် ပြုလုပ်မည့် Silent Strike ၌ ပြည်သူအားလုံး ပါဝင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။



