30 C
Yangon

စစ်ကောင်စီက ဖွဲ့စည်းနေသော ပျူစောထီး အဖွဲ့များတွင် အရန်မီးသတ်၊ စစ်မှု ထမ်း ဟောင်း၊ ကြက်ခြေနီနှင့် YMBA အဖွဲ့ဝင်တို့ ပါဝင်ဖွဲ့စည်းထားပြီး အရာရှိ နှင့် စစ်သားလစာများမှ YMBA အဖွဲ့အတွက် လစဉ် ၁၅၀၀ ကျပ် စစ်ကောင်စီ က ကောက်ခံ

Must read

စစ်ကောင်စီက ဖွဲ့စည်းနေသော ပျူစောထီး အဖွဲ့များတွင် အရန်မီးသတ်၊ စစ်မှု ထမ်း ဟောင်း၊ ကြက်ခြေနီနှင့် YMBA အဖွဲ့ဝင်တို့ ပါဝင်ဖွဲ့စည်းထားပြီး အရာရှိ နှင့် စစ်သားလစာများမှ YMBA အဖွဲ့အတွက် လစဉ် ၁၅၀၀ ကျပ် စစ်ကောင်စီ က ကောက်ခံ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကောင်စီက ဖွဲ့စည်းနေသော ပျူစောထီး (ခေါ်) ပြည်သူ့စစ် လုံခြုံရေး အဖွဲ့ များတွင် YMBA အဖွဲ့ဝင်များ ထည့် သွင်းထားပြီး အရာရှိ နှင့်စစ်သား လစာ များမှ YMBA အတွက် လစဉ် ၁၅၀၀ ကျပ် စစ်ကောင်စီက ကောက်ခံနေ ကြောင်း စစ်တပ်သတင်းရင်းမြစ် များ က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆို သည်။

“ကျနော်တို့ ဘာအတွက်မှန်းမသိဘဲနဲ့ YMBA ဆိုပြီး လစဉ် ၁၅၀၀ ဖြတ် တောက် ပါတယ်။ အသက်အာမခံကြေး၊ ဘာကြေး ညာကြေးနဲ့ ဖြတ်လိုက် တောက်လိုက် တာဆိုတာ လစာက ၁၈၀၀၀၀ လောက်မှာ ဖြတ်တာတောက် တာက ၅ သောင်းကျော်တယ်။ အဆိုးဆုံးက ဘာမှန်းမသိတဲ့ YMBA ကြေး ပေးရတာပဲ” ဟု စစ်တပ်က တပ်သားတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

YMBA သည် ကိုလိုနီခေတ် လွတ်လပ်ရေးရရှိရေးအတွက် စတင် ကြိုးပမ်းခဲ့ သော ဗုဒ္ဓကလျာဏ ယု၀အသင်းကို အစွဲပြု၍ တည်ထောင်ထားသော အသင်း ဖြစ်ပြီး ယခင်က ဘာသာရေးကိုသာ ဇောက်ချလုပ်ကိုင်ခဲ့သော်လည်း ယခု နောက် ပိုင်း တွင် စစ်တပ်နှင့် ပတ်သက်သူများက ဥက္ကဋ္ဌ နှင့် အလုပ်အမှု ဆောင် အဖွဲ့ တွင် ရာထူးများ မတရားရယူပြီးနောက် စစ်တပ်လက်အောက်ခံ အဖွဲ့ အစည်း တစ်ခုဖြစ်လာသော အဖွဲ့ဖြစ်သည်။

YMBA အသင်းက မင်းအောင်လှိုင်ကို ဘွဲ့တံဆိပ်အမျိုးမျိုးချီးမြှင့်ပြီး မင်းအောင် လှိုင် ကို နာယက အဖြစ် တင်မြှောက်ထားသော အသင်းလည်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် YMBA သည် စစ်တပ်ဘက်လိုက်၍ ကြေညာချက် များ ထုတ်ခြင်း၊ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လှုပ်ရှားမှုများကို ရှုတ်ချခြင်းများ ဆောင်ရွက်ခဲ့ကာ ယခုနောက်ဆုံးတွင် စစ်တပ်က ဖွဲ့စည်းသော ပြည်သူ့စစ်ခေါ် ပျူစောထီး အဖွဲ့များတွင် YMBA အဖွဲ့ဝင်များနှင့် ခေါင်းဆောင် များ က နေရာယူလာကြကြောင်း သိရှိရသည်။

“ရန်ကုန်နဲ့ နယ်တွေမှာ YMBA အဖွဲ့ဝင်နဲ့ ဥက္ကဋ္ဌတွေ ပျူစောထီး တွေဖြစ် လာတဲ့အပြင် မဘသနဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေကိုလည်း YMBA က ဦးဆောင်လာတာတွေ့ရတယ်” ဟု မဘသ၊ အမျိုးသားရေးနှင့် YMBA အဖွဲ့ကို စောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်က ရရှိထားသော ရန်ကုန်တိုင်း၊ မရမ်းကုန်းခရိုင်အတွက် စစ်ကောင်စီ၏ လုံခြုံရေး အင်အား အခြေပြ စာရင်းတွင် YMBA မှ ၁၂၂ ဦး ပါဝင်ပြီး မြောက်ဥက္ကလာပ မြို့နယ်တွင် YMBA အဖွဲ့ ၇၂ ဦး ၊ မရမ်းကုန်း မြို့နယ်တွင် YMBA အဖွဲ့ဝင် ၅၀ ဦးတို့က စစ်ကောင်စီ၏ ပျူစောထီး အဖွဲ့ များအဖြစ် ပါဝင်ကြကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ မရမ်းကုန်းခရိုင်၏ ပျူစောထီးအင်အားတွင် ကြက်ခြေနီ ၂၀၃ ဦး၊ အရန်မီးသတ် ၂၂၄ ဦး၊ ရဲမှုထမ်းဟောင်းနှင့် စစ်မှုထမ်းဟောင်း ၁၁၄ ဦး ပါဝင်သည်ကိုတွေ့ရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article