“တရားမဝင် ရွေးကောက်ပွဲကို တိုက်ဖျက်ကြ တိတ်ဆိတ်မှုနဲ့သက်သေပြ” စာတန်း ကိုင်ဆောင်ကာ မြိုင်သပိတ် စစ်ကြောင်း ညသပိတ် ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၂၉
မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့် ဒေသခံ ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် “တရားမဝင်ရွေးကောက်ပွဲကိုတိုက်ဖျက်ကြတိတ်ဆိတ်မှုနဲ့သက်သေပြ” စာတန်း ကိုင်ဆောင်ကာ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။