35 C
Yangon

“တသံတည်းညီ တချီတည်းရုန်း” စာတန်း ကိုင်ဆောင်ကာ ချင်းတွင်း သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

Must read

“တသံတည်းညီ တချီတည်းရုန်း” စာတန်း ကိုင်ဆောင်ကာ ချင်းတွင်း သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် “တသံတည်းညီ တချီတည်းရုန်း” စာတန်း ကိုင်ဆောင်ကာ ချင်းတွင်း သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“သပိတ်တွေရပ်နာထားတာကြာပြီဖြစ်တဲ့ ကျေးရွာများကို

သွေးမအေးစေရန် ၊ တော်လှန်ရေးအသိတရားများသိရှိစေရန် တစ်ရွာနဲ့တစ်ရွာ စည်းလုံးမှုပိုရှိပစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ အာဏာရူး မင်းအောင်လှိုင် အတင်းအဓမ္မ အာဏာလုယူခဲ့ ၂နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ သွေးမအေးကြောင်း အာဏာရှင် အလိုမရှိကြောင်း ပြသဖို့ မိဘပြည်သူများအနေဖြင့် Silent Strike မှာပါဝင်ပေးဖို့ တောင်းဆိုအပ်ပါတယ်” ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article