စစ်ကိုင်းတိုင်းရှိ ကြားကာလ ပညာရေး ကျောင်းများတွင် ဗကသ ကျောင်းသားများက စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောပွဲများ ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၃၀
စစ်ကိုင်းတိုင်းအတွင်း ရှိ ကြားကာလပညာရေးကျောင်းများတွင် ဗကသများ အဖွဲ့ချုပ်ဗဟို စည်းရုံးရေးကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့် ကျင်ရေး ဟောပြောပွဲ များ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ကဲ့သို့သော စစ်အုပ်စု၏ ဖိနှိပ်မှုများကို အပြင်းအထန် လက်နက်ကိုင်တော်လှန်နေသည့် ဒေသတချို့တွင်လည်း ကျောင်းသားထု အစည်းအဝေးများ ပြုလုပ်ကာ တော်လှန်ရေးကာလ ပညာရေးနိုင်ငံရေး အသိပညာပေး ဆွေးနွေးမှုများပြုလုပ်ပြီး ကျောင်းသားသမဂ္ဂဖွဲ့စည်းခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုများပြုလုပ်ခြင်းနှင့် ကျောင်းသားပြည်သူလူထုကို တော်လှန်သွေး နိုးကြားတတ်ကြွအောင် နိုင်ငံရေးအသိပညာမျှဝေကာ လှုံ့ဆော်စည်းရုံးလျက်ရှိကြောင်း ဗကသများ အဖွဲ့ချုပ်ဗဟို စည်းရုံးရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။



