29 C
Yangon

လှိုင်တွင် ရွှေဝါဆပ်ပြာစက်ရုံ ဒုမန်နေဂျာ ဗိုလ်ကြီးဟောင်း စိုးမြင့် ပစ်ခတ် ခံရပြီး သေဆုံး၊ မင်းလှတွင် ပထမအကြိမ် ပစ်ခတ်ခံရပြီး မသေခဲ့သော ခွက်မ ကျေးရွာ အုပ်ချုပ်ရေးမှူး ထွန်းဝင်း ဒုတိယအကြိမ် ပစ်ခတ်ခံရမှုတွင် သေဆုံး

Must read

လှိုင်တွင် ရွှေဝါဆပ်ပြာစက်ရုံ ဒုမန်နေဂျာ ဗိုလ်ကြီးဟောင်း စိုးမြင့် ပစ်ခတ် ခံရပြီး သေဆုံး၊ မင်းလှတွင် ပထမအကြိမ် ပစ်ခတ်ခံရပြီး မသေခဲ့သော ခွက်မ ကျေးရွာ အုပ်ချုပ်ရေးမှူး ထွန်းဝင်း ဒုတိယအကြိမ် ပစ်ခတ်ခံရမှုတွင် သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် ရွှေဝါဆပ်ပြာစက်ရုံ၏ ဒုမန်နေဂျာ ဗိုလ်ကြီး ဟောင်း မြင့်စိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိ ရှိရ သည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် လှိုင်မြို့နယ်၊၂ ရပ် ကွက်၊ ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ရာ၊ တိုက် ၃/အေ အရှေ့တွင် ဗိုလ်ကြီး ဟောင်း မြင့်စိုး ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“လာပစ်တာက ၂ ဦး။ ပွဲချင်းပြီးပဲ ပစ်ခတ်ခံရပြီးတော့ သေဆုံးသွားတာပါ။ ခဏ ကြာ တော့ ရဲရော စစ်တပ်ရော ရောက်လာတယ်။ အလောင်းသယ်သွားတယ်။ အနီး အနားပတ်ဝန်းကျင်တွေ လိုက်စစ်တယ်။ ကားတွေ စစ်တယ်။ အဲဒီ လောက်ပဲ သိပါတယ်” ဟု လှိုင်မြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

အလားတူ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်၊ ခွက်မကျေးရွာအုပ်စု၊ ငလှစမ်းရွာတွင် စစ်ကောင်စီ ဒေါက် တိုင် အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်း ဆောင် ထွန်းဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း Bago Region PDF တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။

ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် ည ၁၁ နာရီ မိနစ် ၂၀ ခန့်အချိန်ထွန်းဝင်း ပါဝင် ကစားနေသော ဖဲဝိုင်းကို သာယာဝတီ(ခရိုင်) ဂဠုန်တပ်ဖွဲ့ (အဖွဲ့-၃) နှင့် မင်းလှ မြို့နယ် ပကဖ တို့ က နန်းထိုက် အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ် ရှင်းလင်း ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက် မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

ခွက်မကျေးရွာအုပ်ချပ်ရေးမှူး ထွန်းဝင်းသည် ၂၀၂၂ ခုနှစ် ဇူလိုင်၁၀ရက် ယမန်နေ့ ညနေ၆နာရီ ၃၀မိနစ်ခန့်တွင် ဆိုင်ကယ်စီးသွားနေစဉ် ဇရစ်မြောင် ရွာ အနီး အမည်မသိသေနတ်သမားတစ်ဦး၏ သေနတ်ဖြင့်နှစ်ချက် ပစ်ခတ် ခံရပြီး အသက်မသေဘဲ ဒဏ်ရာရရှိခဲ့သော်လည်း ယခုအခါတွင်မူ ပစ်ခတ်ခံရပြီး သေ ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ထွန်းဝင်းသည် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သည့်အပြင် ပျူစောထီး ခေါင်းဆောင် အဖြစ်လုပ်ဆောင်နေကာ ပြည်သူလူထုအပေါ် အမျိုး မျိုး ခေါင်းစဉ်တပ် ဖမ်းဆီးနှိပ်စက် ငွေကြေး ကောက်ခံခြင်း၊ လောင်းကစားနည်း အမျိုး မျိုးကို ပြုလုပ်၍ စစ်ကောင်စီထံ ဆက်ကြေးပေးသွင်း နေခြင်း များကို ကျူးလွန်ဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ပထမအကြိမ် ပစ်ခတ်မှုတွင် မသေခဲ့သော မင်းလှမြို့နယ်၊ ခွက်မ ကျေးရွာ အုပ်ကြီး ထွန်းဝင်း ဒုတိယအကြိမ်ပစ်ခတ်မှုတွင် သေဆုံးခဲ့သည်။ဓာတ်ပုံမှာ ပထမအကြိမ်ပစ်ခတ်မှုတွင် ဒဏ်ရာရရှိထားစဉ်ဖြစ်သည်။ ဒုတိယ ပုံမှာ လှိုင်တွင် ယနေ့ ပစ်သတ်ခံရသည့် ဆပ်ပြာစက်ရုံ ဒုမန်နေဂျာ ဗိုလ်ကြီး ဟောင်း မြင့်စိုးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article