ဟုမ္မလင်းတွင် စစ်ကောင်စီ၏ တရားမဝင် ရွေး ကောက်ပွဲနှင့် စစ်တပ် လက်အောက်ခံ ရှမ်းနီ SNAအဖွဲ့ ကို ဆန့်ကျင်ကြောင်း ချီတက် ဆန္ဒပြ၊ PDF များက လုံခြုံရေးယူပေး
ရန်ကုန်၊ ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ”တသံတည်းညီတချီတည်းရုန်းတရားမဝင်ရွေးကောက်ပွဲကိုတိုက်ဖျက်ကြ” ၊ ဆိုသော ကြွေးကြော်သံဖြင့် ချီတက် ဆန္ဒပြကြသည်။
ထို့ပြင်စစ်တပ် လက်အောက်ခံ ရှမ်းနီ SNAအဖွဲ့ ကို ဆန့်ကျင်ကြောင်း ဆန္ဒပြရာတွင် “မင်းတို့လူမျိုးကိုချစ်တယ်ဆိုရင်အမှန်တရားဘက်ကဘာလို့မရပ်တည်ရဲတာလဲ SNA တွေ” စသည့် ကြွေးကြော်သံဖြင့် လှည့်လည်ဆန္ဒထုတ်ဖော်ကြသည်။
ဆန္ဒပြသူများကို HPDFများက အများပြည်သူလူထုများ၏ လုံခြုံရေးအဖြစ် လိုက်ပါ စောင့်ရှောက်ပေးခဲ့ကြောင်း သိရှိရသည်။