29 C
Yangon

ရန်ကုန်၊ မန္တလေး၊ ပဲခူး အပါအဝင် နိုင်ငံတစ်ဝန်း အသံတိတ် သပိတ်များကို ဖျက်ဆီးရန် စစ်တပ်က ခြိမ်းခြောက်မှုများ စတင်လုပ်ဆောင်နေ

Must read

ရန်ကုန်၊ မန္တလေး၊ ပဲခူး အပါအဝင် နိုင်ငံတစ်ဝန်း အသံတိတ် သပိတ်များကို ဖျက်ဆီးရန် စစ်တပ်က ခြိမ်းခြောက်မှုများ စတင်လုပ်ဆောင်နေ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ရန်ကုန်၊ မန္တလေး၊ ပဲခူး အပါအဝင် နိုင်ငံတစ်ဝန်း အသံတိတ် သပိတ်များကို ဖျက်ဆီးရန် စစ်တပ်က ခြိမ်းခြောက်မှုများ စတင်လုပ်ဆောင်နေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်မြို့ရှိ မြို့နယ်တချို့တွင် အသံတိတ် သပိတ်တွင် ပါဝင်ခြင်းမပြုရန် ပြည်သူများကို စစ်တပ်နှင့်ရဲများက လိုက်လံပြောဆိုမှုများ ရှိနေပြီး အထူးသဖြင့် စျေးဆိုင်များ၊ ရပ်ကွက်ရုံးသို့ ထောက်ခံစာနှင့်ဧည့်စာရင်း လာတိုင်သူ ပြည်သူ များကို ခြိမ်းခြောက် ပြောဆိုကြောင်း သိရှိရသည်။

မန္တလေးတွင်မူ ယမန်နေ့မှစတင်ပြီး ဆိုင်ကယ်နှင့်ကားများကို စစ်ဆေးပြီး ယာဉ်မောင်းလိုင်စင်၊ ဝှီးတက်များနှင့် ဆိုင်ကယ်များကို အပြစ်မရှိ အပြစ်ရှာ စစ်တပ်နှင့်ရဲများက သိမ်းဆည်းကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း ဒဏ်ကြေးပေးစရာမလိုဘဲ လာရောက် ရွေးယူ ခိုင်းကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ လာရောက်မရွေးယူလျှင် ဒဏ်ကြေး ၃ ဆ ကောက်ယူမည်ဟု ပြောဆိုကြောင်း သိရှိရသည်။

“စစ်ခွေးတွေက အသံတိတ်သပိတ်ကို မအောင်မြင်အောင် လုပ်နေကြပြီ။ ဆိုင်ကယ် ဦးထုပ်မဆောင်းတဲ့သူတွေအကုန်ဖမ်းပြီး ဒဏ်ကြေးဆောင်စရာ မလိုဘူးလို့ပြောတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လိုင်စင်တွေ လာရွေးခိုင်း တယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောဆိုသည်။

မကွေးမြို့နှင်ပဲခူးမြို့များတွင်လည်း အလားတူ အခြေအနေများ ကြုံတွေ့နေရ ကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုကြသည်။

“ပဲခူးမြို့တွင်း အသံတိတ်သပိတ်ပျက်ပြားစေဖို့ စစ်တပ်က ကြိုးပမ်းနေတယ်။ အသံတိတ်ပျက်ပြားစေဖို့ ရာအိမ်မှူးတွေ ၊လက်အောက်ခံတွေနဲ့ စျေးဆိုင်တွေ ကို စျေးထွက်ကြဖို့ ခံဝန်လက်မှတ်လိုက်ထိုးခိုင်းပါတယ်။ ဆိုင်မထွက်ရင်ဖမ်း မယ်၊ဒဏ်ငွေပေးရမယ်ဆိုပြီးတော့ ခြိမ်း ခြောက်တယ်။ နေရာတိုင်းမှာ ဆိုင်ကယ်အဖမ်းဆီးတွေလည်းရှိပြီး အပြစ်မရှိအပြစ်ရှာဖမ်းတယ်။ ဖေဖော်ဝါရီ လ ၁ ရက်နေ့မနက် ၁၀ နာရီ ရွေးခိုင်းတယ်။ ပဲခူးမြို့ ဇိုင်းကနိုင်းတောင်ပိုင်း၊ ဇိုင်းကနိုင်းမြောက်ပိုင်း လမ်းမတန်းပေါ်ရှိ ဆိုင်များ၊မင်းလမ်းမ ပေါ်ရှိ ဆိုင်များ၊ စျေးကြီး ထဲရှိဆိုင်များ၊ လမ်းမတန်း ပေါ်က ဆိုင်တော်တော်များများကို လက် မှတ် ထိုးခိုင်းပြီး၊ ဆိုင်မဖွင့်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်တယ်။ ထောင် သုံးလ နဲ့ဆိုင်သိမ်းမယ်လို့ ခြိမ်းခြောက်နေတာ” ဟု ပဲခူးဒေသပြည် သူတစ်ဦး က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article